၁၂ နှစ်သမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်သူအား အရေးယူ

၁၂ နှစ်သမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်သူအား အရေးယူ

ရွှေပြည်သာမြို့နယ်တွင် အသက် ၁၂ အရွယ်သမီးငယ်ကို ဖခင်ဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့မှုအား စက်တင်ဘာ ၉ ရက်တွင် အမှုဖွင့်အရေးယူခဲ့သည်။

ယင်းနေ့နံနက် ၆ နာရီတွင် ရွှေပြည်သာမြို့နယ်နေ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးသည် နေအိမ်၌ရှိနေစဉ် အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူက နေအိမ်တွင် မနေလိုကြောင်းနှင့် ဖခင်ဖြစ်သူက အကြိမ်ကြိမ်အဓမ္မပြုကျင့်ကြောင်း ၎င်းကိုပြောပြသိရှိခဲ့သည်။

သမီးဖြစ်သူကို အကျိုးအကြောင်းမေးမြန်းရာ သြဂုတ်လ ရက်မမှတ်မိသည့်နေ့ မွန်းတည့် ၁၂ နာရီ ခန့်တွင် နေအိမ်အိပ်ခန်းအတွင်း အဝတ်အစားလဲနေစဉ် ဖခင်ဖြစ်သူ ဦး----(၃၀ နှစ်)ကအရက်မူးပြီးရောက်လာကာ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ထိုမှတစ်ဆင့် စက်တင်ဘာ ၈ ရက်အထိ လေးကြိမ်ခန့် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် မိခင်ဖြစ်သူက သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။

ရွှေပြည်သာမြို့မရဲစခန်းက(ပ)၃၂၃၃/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထား သည်။