မြောက်ပိုင်းလေးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရကမ်းလှမ်း

မြောက်ပိုင်းလေးဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရကမ်းလှမ်း

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို(KIO) အပါအဝင် တအာင်း (TNLA)၊ ကိုးကန့်(MNDAA)၊ ရခိုင်(AA)အဖွဲ့တို့ကို လာမည့် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျိုင်းတုံမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင် ကမ်းလှမ်းမှုပြုလုပ်ခဲ့သည်။

လွန်ခဲ့သည့် သြဂုတ် ၃၁ ရက်က ကျိုင်းတုံတွင်တွေ့ဆုံခဲ့သည့် အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့တို့အကြား သဘောတူညီချက်ကို အကောင်အထည်ဖော် သည့်အနေဖြင့် ကျိုင်းတုံဆွေးနွေးပွဲ ဖိတ်ကြားခြင်းဖြစ်သော်လည်း နေရာ အတွက် ညှိနှိုင်းမှုများပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

ယခုဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ်အဖွဲ့အပြင် တပ်မတော်ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်မည်ဖြစ်၍ ကျိုင်းတုံမြို့သည် တပ်မတော် ကိုယ်စားလှယ်များပါဝင်ရန်အတွက် အစိုးရဘက်က အဆိုပြုသည့် နေရာလည်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး