အင်န်စီအေပြင်ပမှ ငြိမ်းချမ်းရေးဆောင်ရွက်မည်မဟုတ်ကြောင်း ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောဆို

အင်န်စီအေပြင်ပမှ ငြိမ်းချမ်းရေးဆောင်ရွက်မည်မဟုတ်ကြောင်း ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်း ပြောဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ဆို့ မှုများရှိနေသော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ် (NCA)ပြင်ပမှ ငြိမ်းချမ်း ရေးဆောင်ရွက်မည်မဟုတ်ကြောင်း အင်န်စီအေလက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းက စက် တင်ဘာ ၁၀ ရက်က အခိုင်အမာပြောဆိုခဲ့ သည်။

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် အင်န်စီအေ လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့၏ ညှိနှိုင်းရေးအဖွဲ့တို့ စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ တွေ့ဆုံခဲ့ရာတွင် ယင်း ကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လုံးဝမဟုတ်

ယင်းအစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်မှူးကြီးစိုင်းငင်းက "တချို့လူပုဂ္ဂိုလ်တွေ၊အဖွဲ့အစည်းတွေ ထင်မှတ်ထားသလို အင်န်စီ အေလက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ ဟာ အင်န်စီအေပြင်ပကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လုပ်နေပြီလားဆိုတာ လုံးဝမဟုတ် ပါဘူး။ အင်န်စီအေသဘောတူစာချုပ်ပါ အချက်များကို ပြီးစီးအောင်မြင်သည်အထိ မပျက်မကွက် အတူတကွ ပူးတွဲအကောင် အထည်ဖော်ဆောင်ရွက်သွားရန် အပြန်အလှန် သန္နိဋ္ဌာန်ပြုကြသည်လို့ အင်န်စီအေနိဒါန်းမှာ အတိအလင်းဖော်ပြထားတဲ့အတိုင်း ကျွန်တော် တို့ အင်န်စီအေလက်မှတ်ထိုးလက်နက်ကိုင် အဖွဲ့အစည်းတွေက မယိုင်မလဲ ရပ်တည်နေပါ တယ်"ဟု ပြောဆိုသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့တို့သည် အင်န်စီအေကို လက်မှတ်ရေးထိုးထားသော်လည်း ၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်းမှစတင်ကာ အင်န်စီအေစာချုပ်ပါ ပြဋ္ဌာန်းချက်များအတိုင်း ငြိမ်းချမ်းရေးဆွေးနွေး အကောင်အထည်ဖော် မှုများ ရပ်ဆိုင်းသွားခဲ့ရသည်။ ယင်းလုပ်ငန်း စဉ်ကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင် ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင် ၁၀ ဖွဲ့တို့ အလွတ်သဘောတွေ့ဆုံ မှုများ ပြုလုပ်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး