ချမ်းမြသာစည်မြို့နယ်တွင် ဖောက်ခွဲရေးသုံးပစ္စည်းများနှင့်အတူ လေးဦးကို ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်တွင် ဖောက်ခွဲရေးသုံးပစ္စည်းများနှင့်အတူ လေးဦးကို ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်တွင် ဖောက်ခွဲရေးသုံးပစ္စည်းများ၊ဆက် သွယ်ရေးစက်များနှင့်အတူ မသင်္ကာဖွယ် လေးဦးကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၀ ရက်တွင် ဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးလျက်ရှိသည်။

ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀၊ ဒဿနလမ်း၊ အမှတ်(က-၅/၇၇)နေအိမ်တွင် မသင်္ကာဖွယ် လူလေးဦးရောက်ရှိနေထိုင်ကြောင်းသတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါနေအိမ်သို့ ဝင်ရောက်ရှာဖွေရာတွင် အင်းစိန်မြို့နယ်နေ အောင်လင်း၊မြောက်ဦးမြို့နယ်နေ မြတ်ခိုင်၊ မင်းပြားမြို့နယ်နေ ချမ်းငြိမ်းတို့ သုံးဦးကိုတွေ့ရပြီး နေအိမ်အပေါ်ထပ်အခန်းအတွင်းမှ THLIRAYA XT-ITTE. Satellite Phone (အသစ်) အလုံး(၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA (၃၀) ခု၊ GARMIN (GPS+GLONASS) (၂၅)လုံး၊ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနေတာ ၁၀ဝ ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရသော(ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁)ထုပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ထိုသို့ စစ်ဆေးသိမ်းဆည်းနေစဉ် မင်းပြားမြို့နေ ဖိုးကျော် ၂၂ နှစ်ရောက်ရှိလာသဖြင့် ထပ်မံ ဖမ်းဆီးခဲ့ပြီး ၄င်းတို့ကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ခေါ်ကာ အသေးစိတ်ဆေးစစ်လျက်ရှိကာ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး