ပေါ်တူဂီလက်ရွေးစင်အသင်းသည် စက် တင်ဘာ ၁၀ ရက်က လစ်သူယေးနီးယားကွင်း တွင် ယူရိုခြေစစ်ပွဲအဖြစ် ဆက်လက်ယှဉ်ပြိုင် ခဲ့ရာ အဓိကတိုက်စစ်မှူး စီရိုနယ်ဒို၏ စူပါ ဟက်ထရစ်အပါအဝင် ငါးဂိုး တစ်ဂိုးဖြင့် ဂိုး ပြတ်အနိုင်ရခဲ့သည်။
ပေါ်တူဂီနည်းပြဆန်းတို့စ် သည်တိုက်စစ်တွင် စီရိုနယ်ဒို၊ ယာအိုဖိလစ်နှင့် ဘာနာဒိုဆေးလ်ဗားတို့ကို အသုံးပြုခဲ့သည်။ အသင်းနှစ်သင်းကြား ခြေစွမ်းကွာဟမှုကြီးမား ခဲ့ပြီး လစ်သူယေးနီးယားမှာ ပထမပိုင်း၌ ပေါ် တူဂီတိုက်စစ်ကို ခုခံခဲ့သော်လည်း ဒုတိယပိုင်း တွင် ဂိုးများပေးခဲ့ရသည်။ ပေါ်တူဂီအတွက် အဖွင့်ဂိုးကို စီရိုနယ်ဒိုက ခုနစ်မိနစ်တွင် ပင် နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။ လစ်သူ ယေးနီးယားသည် ၂၈ မိနစ်တွင် ချေပဂိုးပြန် ရခဲ့သည်။
စီရိုနယ်ဒိုသည် ဒုတိယပိုင်းပွဲချိန် ၆၁၊ ၆၅၊ ၇၆ မိနစ်၌ ဂိုးများထပ်သွင်းခဲ့ပြီး အပိတ် ဂိုးကို ကာဗယ်ဟိုက ပွဲပြီးလုချိန်တွင်သွင်းယူခဲ့ ၍ ငါးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် အိုင် ယာလန်တိုက်စစ်မှူးဟောင်း ရော်ဘီကိန်း၏ ယူရိုခြေစစ်ပွဲဂိုးသွင်းအများဆုံးစံချိန်ကို တစ်ဂိုး အသာဖြင့် ချိုးဖျက်ခဲ့ပြီး ယူရိုခြေစစ်ပွဲ ၂၄ ဂိုး သွင်းယူထားနိုင်သည်။ စီရိုနယ်ဒိုသည် ပေါ်တူ ဂီအသင်းအတွက် ရှစ်ကြိမ်မြောက်ဟက်ထရစ် သွင်းယူခဲ့ခြင်းဖြစ်ပြီး ၎င်း၏နိုင်ငံတကာသွင်း ဂိုးအရေအတွက် ၉၃ ဂိုးပြည့်လာခဲ့သည်။
နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမား မှာ အီရန်တိုက်စစ်မှူးဟောင်း အလီဒါယီဖြစ် ပြီး ၁၀၉ ဂိုးသွင်းယူထားသည်။ စီရိုနယ်ဒိုသည် အလီဒါယီ၏စံချိန်ကိုလိုက်မီရန် ၁၆ ဂိုးထပ်မံ သွင်းရန် လိုအပ်နေသည်။ အသက် ၃၄ နှစ် အရွယ် စီရိုနယ်ဒိုသည် ယူရိုခြေစစ်ပွဲ၊ ယူရို ပြိုင်ပွဲနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲများ၌ ဆက်လက် ပါဝင်ကစားနေဦးမည်ဖြစ်ရာ အလီဒါယီ၏ စံချိန်ကိုလိုက်မီရန် အခွင့်အရေးရှိနေသည်။
စီရိုနယ်ဒိုက ၎င်းအနေဖြင့် တစ်ဦးချင်း ဆုတံဆိပ်များအတွက် ရှင်သန်နေခြင်းမဟုတ် ဘဲ အသင်းလိုက်အောင်မြင်မှုရရန်သာ တွေး တောကြောင်း လစ်သူယေးနီးရားနှင့်ပွဲအပြီး၌ အသိပေး ပြောဆိုခဲ့သည်။















