လီဗာပူး − နယူးကာဆယ်
စနေ၊ ညနေ ၆းဝဝ
လီဗာပူးကတော့ ပွဲတိုင်းအနိုင်ကစားထားတဲ့အသင်းပါ၊ သွင်းဂိုး ၁၂ ဂိုးရှိထားပြီး အိမ်ကွင်း နှစ်ပွဲမှာ ခုနစ်ဂိုး သွင်းထားပါတယ်။ နယူးကာဆယ်ဟာ အခုပွဲကို ခံစစ်ဦးစားပေးကစားလာမှာသေချာပါတယ်။နယူးကာဆယ်ဟာ နောဝစ်ချ်ကိုပဲ ဂိုးပြတ်ရှုံးပြီး ကျန်တဲ့သုံးပွဲဂိုးပြတ်မရှုံးပါဘူး။ နယူးကာဆယ်ကို ကြိုက်ပါတယ်။
တော့တင်ဟမ် − ပဲလေ့စ်
စနေ၊ ည ၈း၃ဝ
တော့တင်ဟမ်ဟာ သုံးပွဲဆက်တိုက်နိုင်ပွဲပျောက်ထားပါတယ်။ ပွဲတိုင်းဂိုးသွင်းခံထားရပါတယ်။ ပဲလေ့စ်က တစ်ပွဲသာ ရှုံးထားပါသေးတယ်။ ခံစစ်ဦးစားပေးကစားတဲ့ အသင်း ဖြစ်လို့ တော့တင်ဟမ် ရုန်းကန်ကစားရနိုင်ပါ တယ်။ တော့တင်ဟမ် အနိုင်က မပြတ်သားနိုင်ပါ။
ဝုဗ်ဗာဟန်တန်် − ချယ်လ်ဆီး
စနေ၊ ည ၈း၃ဝ
ဝုဗ်ဗာဟန်တန်ဟာ နောက်ဆုံးပွဲမှာ အဲဗာတန်ကို ရှုံးထားပြီး ချယ်လ်ဆီးက ရှက်ဖီးကို အိမ်ကွင်းမှာ သရေကျထားပါတယ်။ဝုဗ်ဟာ ပရီမီယာလိဂ်မှာ နိုင်ပွဲမရှိသေးပါဘူး။ ဝုဗ်ကွင်းဖြစ်လို့ ချယ်လ်ဆီး ခက်ခက်ခဲခဲကစားရမယ့်ပွဲဖြစ်ပါတယ်။ ဝုဗ်ဗာဟန်တန် နိုင်ပွဲတွေ့သွားနိုင်ပါတယ်။
မန်ယူ − လက်စတာ
စနေ၊ ည ၈း၃ဝ
မန်ယူကလူငယ်တွေနဲ့ အသစ်ဖွဲ့စည်းနေတဲ့အတွက် ကစားပုံက အားရစရာ မကောင်းသေးပါဘူး။ သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်နေ ပါတယ်။ လက်စတာက ရှုံးပွဲမရှိကစားထားတဲ့အသင်းဖြစ်ပါတယ်။ လက်စတာရဲ့ ကစားသမား အင်အားက မန်ယူကစားသမားအင်အားကို မီနေပါတယ်။ လက်စတာကို ကြိုက်ပါတယ်။
ဘရိုက်တန် - ဘန်လေ
စနေ၊ ည ၈း၃ဝ
ဘရိုက်တန်ဟာ ပွဲဦးထွက်အနိုင်ရခဲ့ပြီးတဲ့နောက် သုံးပွဲဆက်တိုက်နိုင်ပွဲပျောက်သွားပါတယ်။ ဘန်လေက အိမ်ကွင်းမှာ လီဗာပူးကိုဂိုးပြတ်ရှုံးခဲ့ပါတယ်။ တိုက်စစ်က အက်ရှ်လေဘန်းကတော့ ဂိုးသွင်းအား ကောင်းနေပါတယ်။အခု ဘရိုက်တန်ကွင်းမှာ ဘန်လေ ခက်ခက်ခဲခဲ ကစားရနိုင်ပါတယ်။ ဘရိုက်တန် အနိုင်နဲ့ သရေပါ။
ရှက်ဖီး - ဆောက်သမ်တန်
စနေ၊ ည ၈း၃ဝ
ရှက်ဖီးဟာ တန်းတက်အသင်းဖြစ်ပေမဲ့ အသင်းလိုက် ကစားအားကောင်းနေတာတွေ့ ရပါတယ်။ ဆောက်သမ်တန်က ခြေပြန်တက်လာပါတယ်။ နောက်ဆုံးနှစ်ပွဲမှာ လေးမှတ်ရထားပါတယ်။ အခုပွဲ အဝေးကွင်းဖြစ်လို့ ဆောက်သမ်တန် ခက်ခဲနိုင်ပါတယ်။ ဒီပွဲကဂိုးနည်းမယ့်ပွဲဖြစ်လာနိုင်ပါတယ်။ အသင်းကတော့ရှက်ဖီးကိုကြိုက်ပါတယ်။
နောဝစ်ချ် - မန်စီးတီး
စနေ၊ ည ၁၁းဝဝ
နောဝစ်ချ်ဟာ တန်းတက်အသင်းလည်းဖြစ်ပေမဲ့ ဂိုးသွင်းအားကောင်းတာ တွေ့ရပါတယ်။ မန်စီးတီးကလည်းဂိုးသွင်းအား ကောင်းတဲ့အသင်းဖြစ်ပါတယ်။ ကစားသမားအင်အားခြင်းကွာဟလွန်းပါတယ်။ နောဝစ်ချ်ဟာမန်စီးတီးရဲ့ ဖိအားကိုခံရနိုင်တဲ့ပွဲဖြစ်ပါတယ်။မန်စီးတီး အနည်းဆုံး နှစ်ဂိုးပြတ် အနိုင်ရသွားနိုင်ပါတယ်။
ဘုန်းမောက် - အဲဗာတန်
တနင်္ဂနွေ၊ ည ၇း၃ဝ
ဘုန်းမောက်ဟာ နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပါတယ်။ ပေးဂိုးတွေလည်း များခဲ့ပါတယ်။ ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။ အဲဗာတန်ကလည်း နောက်ဆုံးပွဲမှာ ဝုဗ်ဗာဟန်တန်ကိုအနိုင်ကစားခဲ့ပါတယ်။ ဒီပွဲမှာ ဘုန်းမောက်ဂိုးသွင်းနိုင်သလို အဲဗာတန်လည်း ဂိုးသွင်းနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲကဂိုးများမယ့်ပွဲပါ။
ဝက်ဖို့ဒ် − အာဆင်နယ်
တနင်္ဂနွေ၊ ည ၁ဝးဝဝ
ဝက်ဖို့ဒ်ဟာ သြဂုတ်လထဲမှာ သုံးပွဲရှုံးပြီးတစ်ပွဲသရေကျခဲ့ကာ နိုင်ပွဲမရသေးပါဘူး။ဂိုးသွင်းအားအနည်းဆုံးအသင်းလည်း ဖြစ်နေပါတယ်။ အာဆင်နယ်က လီဗာပူးကို ရှုံးပေမဲ့တော့တင်ဟမ်ကို သရေကျပါတယ်။ အာဆင်နယ်ဟာ တိုက်စစ်ကောင်းပေမဲ့ ခံစစ်က မတည်ငြိမ်သေးပါဘူး။ ဝက်ဖို့ဒ်ဟာ အိမ်ကွင်းဖြစ်လို့ တိုက်စစ်ဦးစားပေးကစားလာနိုင်တာကြောင့် ဒီပွဲဟာ ဂိုးများမယ့်ပွဲဖြစ်ပါတယ်။
ဗီလာ − ဝက်စ်ဟမ်း
အင်္ဂါ၊ နံနက် ၁း၃ဝ
ဗီလာဟာ အိမ်ကွင်းမှာ ကစားအားကောင်းပါတယ်။ ဂိုးလည်းသွင်းနိုင်သလို ဂိုးလည်းပေးရတဲ့အသင်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက မန်စီးတီးကိုရှုံးပေမဲ့ နောက်ဆုံးသုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ကျထားပါတယ်။ကစားပုံ တည်ငြိမ်လာနေပါတယ်။ ဝက်စ်ဟမ်းကို ကြိုက်ပါတယ်။














