လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားသည် မြန်မာ၏အချုပ်အခြာအာဏာအပေါ် ကျူးလွန်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂမြန်မာအမြဲတမ်းကိုယ်စားလှယ် တုံ့ပြန်ပြောဆို

လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားသည် မြန်မာ၏အချုပ်အခြာအာဏာအပေါ် ကျူးလွန်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂမြန်မာအမြဲတမ်းကိုယ်စားလှယ် တုံ့ပြန်ပြောဆို

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIM) ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာနှင့်ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကုလသမဂ္ဂအဆောက် အုံ၌ ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၄၂)ကြိမ် မြောက်ပုံမှန်အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုး ထွန်းက အဆိုပါယန္တရားသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာအပေါ် ကျူးလွန်ခြင်းဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ကို စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

(IIM) နှင့်အပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ်က လူ့အခွင့်အရေး အပေါ် မြန်မာနိုင်ငံ၏ ခိုင်မာသည့်ရပ်တည်ချက်၊ အရေးယူဆောင်ရွက်မှုနှင့် ကတိကဝတ် တို့ကို ထပ်လောင်းအတည် ပြုပြောကြားခဲ့ပြီး၊ စံနှစ်မျိုးထားရှိမှု၊ နိုင်ငံရေးအသွင်ပြုလုပ်မှု၊ ဘက်လိုက်မှုနှင့်ရွေးချယ် ဆက်ဆံမှုတို့ကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအနေ ဖြင့် လူ့အခွင့်အရေးအပေါ် အမှန်တကယ်စိုးရိမ်ပူပန်မှုနှင့် နိုင်ငံရေးသွတ်သွင်းမှုတို့၏ ကွာ ခြားမှုကို အပြည့်အဝနားလည်ကြောင်း ပြောဆိုသည်။

ဝင်ရောက်စွက်ဖက်ခြင်း

မြန်မာအမြဲတမ်းကိုယ်စားလှယ်က IIM ကိုဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံအပေါ် လွန်ကဲစွာ ဖိအားပေးခြင်းနှင့်ခွဲခြား စောင့်ကြည့်ခြင်း၏ နောက်တစ်ဆင့်နည်းလမ်းဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂရန်ပုံငွေ နည်းပါးနေ ချိန်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု သက်ဝင်ရှင်သန်နေသည့် မြန်မာနိုင်ငံအပေါ်စောင့် ကြည့်ရန် ယင်းယန္တရား၏ နှစ်နှစ်တာကာလအတွက် အမေရိကန်ဒေါ်လာ ၂၆ သန်းကျော် အလဟဿပြုလုပ်ခြင်းနှင့်ပတ်သက်၍ များစွာစိုးရိမ်မိကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ သဘော တူညီမှုမရှိဘဲ ယန္တရားတစ်ခုပြီးတစ်ခုချမှတ်ပြီး ဝင်ရောက်စွက်ဖက်နေခြင်းသည် မြန်မာနိုင်ငံ အရေးကိစ္စကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

မှန်ကန်မျှတမှု

မြန်မာအမြဲတမ်းကိုယ်စားလှယ်က သိမ်မွေ့သည့် ရခိုင်အရေးကိစ္စကို ဖြေရှင်းရာတွင် မှန်ကန်မျှတမှုရှိပြီး၊ အပြုသဘောဆောင်သည့် ပံ့ပိုးမှုများကို လိုအပ်ကြောင်းနှင့် မလိုမုန်းထား မှုဖြင့် ခွဲခြားစောင့်ကြည့်စစ်ဆေးမှုနှင့် နိုင်ငံရေးဖိအားပေးမှုများသည် မြန်မာနိုင်ငံ၏ ကြိုးပမ်း နေမှုများအပေါ် အထောက်အကူမပြုကြောင်း ဆက်လက်ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး