ဥရောပပွဲတွေကြောင့် အသင်းကြီးတွေကို သတိထားသင့်တယ်

ဥရောပပွဲတွေကြောင့် အသင်းကြီးတွေကို သတိထားသင့်တယ်

ဒူဆယ်ဒေါ့ဖ် - ဝုဖ်ဘတ်

စနေ၊ နံနက် ၁းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဝုဖ်ဘတ် ၅-၂ ဒူဆယ်ဒေါ့ဖ်

နောက်ဆုံးတွေ့ဆုံမှုမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဒူဆယ်ဒေါ့ဖ်တို့ လက်ရှိခြေစွမ်းအရလည်း အခြေအနေ မကောင်းနိုင်သေးပါ ဘူး။ ဒါပေမဲ့ ဝုဖ်ဘတ်က အကြွင်းမဲ့ ယုံလို့ရတဲ့ အနေအထားတော့ မရှိသေးပါဘူး။ ဒူဆယ်ဒေါ့ဖ်တို့ အိမ်ကွင်းမှာ အနည်းဆုံး သရေတစ်မှတ်တော့ ရယူနိုင်မှာပါ။

ဒေါ့မွန် - လေဗာကူဆင်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဒေါ့မွန် ၃−၂ လေဗာကူဆင်

အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင် ထားတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုပါ။ ဒါကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာမှာသေချာပါတယ်။ ဒီလိုတွေ့ဆုံမှုမျိုးမှာ အိမ်ရှင်အဖြစ်ကစားရတဲ့အသင်းက အားသာလေ့ ရှိပါတယ်။ ဒါကြောင့် ဒေါ့မွန်ကိုပဲ အားပေးချင်တယ်။

မိန့်ဇ် − ဟာသာဘာလင်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဟာသာဘာလင် ၂−၁ မိန့်ဇ် ဇယားအောက်ခြေက နှစ်သင်းတွေ့ဆုံမှု ဖြစ်ပါတယ်။ ဟာသာဘာလင်က တစ်မှတ် ရထားပြီး မိန့်ဇ်က အမှတ်မရသေးပါဘူး။ ဒါကြောင့် အခုပွဲမှာ မိန့်ဇ် အိမ်ကွင်းအားကိုးနဲ့ အမှတ်ရဖို့ ကြိုးစားနိုင်ပါတယ်။ မိန့်ဇ်ပါပဲ။

အော့စ်ဘတ် − ဖရန့်ဖတ်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ၁−၃ အော့စ်ဘတ်

အော့စ်ဘတ်က အဆင့် ၁၇ မှာ ရှိနေတဲ့ အသင်းပါ။ ဖရန့်ဖတ် သုံးပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင် တစ်ပွဲသရေကျထားပါတယ်။ ရှုံးခဲ့တဲ့ တစ်ပွဲက ယူရိုပါလိဂ်ခြေစစ်ပွဲကြောင့် ဖရန့်ဖတ်တို့ လိုက်ပဇစ်ကို ရှုံးခဲ့တာလို့ ယူဆလို့ရပါတယ်။ ဒါကြောင့် ဖရန့်ဖတ်ကိုပဲ ရွေးချယ်ချင်တယ်။

ကိုလုံး − မွန်ချင်ဂလက်ဘတ်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ကိုလုံး ၂−၁ မွန်ချင်

ဘွန်ဒက်စ်လီဂါ ၂ဝ၁၇−၁၈ ဘောလုံး ရာသီတုန်းက ဒီနှစ်သင်းတွေ့ဆုံမှုမှာ အိမ်ရှင်အဖြစ် ကစားရတဲ့အသင်းက ကိုယ်စီအနိုင်ရခဲ့ပါတယ်။ ဒီနှစ် ကိုလုံးအသင်းက တန်းတက်အသင်းဖြစ်နေပေမဲ့ ယခင်တွေ့ဆုံမှုကို မေ့လို့မရပါဘူး။ ကိုလုံးအသင်းကို အားပေးချင်တယ်။

ယူနီယံဘာလင် − ဝါဒါဘရီမင်

စနေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ယူနီယံဘာလင် ၂−၂ ဝါဒါဘရီမင်

ယူနီယံဘာလင်က တစ်ပွဲပြီးတစ်ပွဲ ခြေတက်လာတဲ့ သဘောမှာရှိပါတယ်။ နောက်ဆုံးပွဲမှာ ဒေါ့မွန်ကိုတောင် အနိုင်ယူထားပါတယ်။ ဒါကြောင့် ယူနီယံဘာလင်ကို လျှော့မတွက်သင့်ပါဘူး။ အိမ်ရှင်ဘက်က ရပ်တည်သင့်တယ်။

လိုက်ပဇစ် − ဘိုင်ယန်မြူးနစ်

စနေ၊ ည ၁၁းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ လိုက်ပဇစ် ဝ−၃ ဘိုင်ယန်မြူးနစ်

ဒီနှစ်သင်းက အခုပွဲပြီးရင် ချန်ပီယံလိဂ် ကစားဖို့ရှိနေတယ်။ လိုက်ပဇစ်က ဘင်ဖီကာနဲ့ အဝေးကွင်းသွားကစားရမှာဖြစ်ပြီး ဘိုင်ယန်က ဇာဗက်ဒါကို အိမ်ကွင်းမှာ ကစားရမှာပါ။ ဒါကြောင့်ဘိုင်ယန်တို့ အခုပွဲကို အာရုံစိုက်နိုင်မှာပါ။ ဘိုင်ယန်ကို ကြိုက်ပါတယ်။

ဟော့ဖန်ဟိမ်း − ဖရိုင်းဘတ်

တနင်္ဂနွေ၊ ည ၈းဝဝ

နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုင်းဘတ် ၂−၄ ဟော့ဖန်ဟိမ်း

ဟော့ဖန်ဟိမ်းက အိမ်ကွင်းအားသာတဲ့ အသင်းပါ။ ဖရိုင်းဘတ်က ကွင်းမရွေးပါဘူး။ ဒီလိုနှစ်သင်းတွေ့ဆုံမှုက ပရိသတ်အတွက် စိတ်ဝင်စားဖို့ကောင်းပါတယ်။ သရေ တစ်မှတ်စီ ခွဲယူဖို့ များတဲ့ပွဲပါ။

ပက်ဒါဘွန်း − ရှော်လ်ကေး

တနင်္ဂနွေ၊ ည ၁ဝး၃ဝ

နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ​၀−၁ ရှော်လ်ကေး

တန်းတက်ပက်ဒါဘွန်းတို့ သုံးပွဲကစားပြီးချိန်မှာ တစ်မှတ်သာ ရထားပါတယ်။ ဟာသာဘာလင်က အဝေးကွင်း စိတ်ချရတဲအသင်းမဟုတ်ပါဘူး။ ဒါကြောင့် အမှတ်လိုနေတဲ့ ပက်ဒါဘွန်း အိမ်ကွင်းမှာ အနိုင်ရသွားနိုင်ပါတယ်။ 



ဖတ်ရှုမှုအများဆုံး