ယခုနှစ် ချန်ပီယံလိဂ် ဂျူဗင်တပ်စ်ခြိမ်းခြောက်နိုင်ဟု မက်ဆီသုံးသပ် ရိုနယ်ဒိုဖိတ်ကြားလာပါက ညစာစားပွဲလက်ခံမည်ဟုဆို

ယခုနှစ် ချန်ပီယံလိဂ် ဂျူဗင်တပ်စ်ခြိမ်းခြောက်နိုင်ဟု မက်ဆီသုံးသပ် ရိုနယ်ဒိုဖိတ်ကြားလာပါက ညစာစားပွဲလက်ခံမည်ဟုဆို

ဘာစီလိုနာတိုက်စစ်မှူးမက်ဆီက ယခုနှစ်ချန်ပီယံလိဂ် ပြိုင်ဘက်များအခြေအနေကို သုံးသပ်ပြောဆိုလိုက်ပြီး ဂျူ ဗင်တပ်စ်အသင်းမှာ ချန်ပီယံလိဂ်တွင် ချန်ပီယံဆုစိန်ခေါ် နိုင်ရေးအတွက် ပိုခြိမ်းခြောက်နိုင်စွမ်းရှိကြောင်း ဆိုခဲ့သည်။

အာဂျင်တီးနားတိုက်စစ်မှူးလည်းဖြစ်သူ မက်ဆီသည် စပို့စ်နှင့်တွေ့ဆုံခဲ့ရာ၌ ချန်ပီယံလိဂ်ပြိုင်ဘက်များ၏အခြေ အနေကို ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။ မက်ဆီသည် ယခုနှစ်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဆုဖလားပြန်လည် ရရှိနိုင်ရန်အတွက် အားခဲနေသူဖြစ်သည်။ ဘာစီလိုနာ သည်ယမန်နှစ်က လာလီဂါချန်ပီယံဆုဖလားရရှိခဲ့သော် လည်း ချန်ပီယံလိဂ်ဆုဖလားနှင့် လွဲချော်ခဲ့ရသည်။ ဥရောပ အသင်းကောင်းများမှာ ကစားသမားကောင်းများကိုခေါ်ယူ ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရန် အသင့်ပြင်ဆင်ထားကြသည်။

မက်ဆီက"ကျွန်တော့်အထင်ပြောရရင် ပြိုင်ဘက် အသင်းကိုယ်စီဟာ အင်အားတောင့်တင်းနေကြပါတယ်။ သူတို့ဟာ လိုအပ်တဲ့ကစားသမားကောင်းတွေကိုလည်း ခေါ်ယူနိုင်ခဲ့တယ်။ အက်သလက်တီကိုအသင်းဆိုရင် အသင်းကောင်းအဖြစ် တည်ဆောက်ထားတယ်။ သူတို့ အတွက် တကယ်ကောင်းတဲ့ ကစားသမားအချို့ကိုလည်း ခေါ်ယူခဲ့တယ်။ ရီးရဲလ်မက်ဒရစ်ကလည်း ကစားသမား ကောင်းများစွာကို ခေါ်ထားပါတယ်။ ဟာဇက်လိုအရေးပါ တဲ့ကစားသမားကိုလည်း သူတို့ခေါ်ခဲ့တယ်။ ဂျူဗင်တပ်စ် လည်း ကစားသမားခေါ်ယူမှုလည်း ပြုလုပ်ခဲ့တယ်။ မန်စီး တီးကိုလည်း လျှော့တွက်လို့မရပါဘူး။ ဂျူဗင်တပ်စ်အသင်း ဆိုရင် ချန်ပီယံလိဂ်မှာ ပိုအားကောင်းတဲ့အသင်းအဖြစ် ရပ်တည်နေပါတယ်"ဟု ပြောဆိုခဲ့သည်။

ဆက်လက်၍ မက်ဆီက ပြိုင်ဘက်အဖြစ်ရပ်တည်နေ ရသော ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုကသာ ညစာအတူ သုံးဆောင်ရန် ဖိတ်ကြားခဲ့ပါက လက်ခံဖြစ်မည်ဟု အသိ ပေးခဲ့သည်။ မက်ဆီက "ကျွန်တော်သူနဲ့ ဘာပြဿနာမှမရှိ ဘူး။ အသင်းမတူတော့ သူငယ်ချင်းတော့မဟုတ်ပါဘူး။ ပွဲတွေမှာပဲ တွေ့ဖြစ်တယ်။ ညစာစားဖို့ဖိတ်လာရင် လက်ခံ ဖြစ်မှာပါ"ဟု ဖွင့်ဟခဲ့သည်။



ဖတ်ရှုမှုအများဆုံး