မန်ယူအသင်းကို လျှော့မတွက်သင့်ကြောင်း ဘရန်ဒန်ရော်ဂျာပြောဆို

မန်ယူအသင်းကို လျှော့မတွက်သင့်ကြောင်း ဘရန်ဒန်ရော်ဂျာပြောဆို

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော် ဂျာက မန်ယူအသင်းကို လျှော့မတွက်သင့် ကြောင်း ပရီးမီးယားလိဂ်ပွဲစဉ် (၅)မတိုင်မီ ပြောဆိုခဲ့သည်။ မန်ယူအသင်းသည် ပရီးမီး ယားလိဂ်ရာသီအဖွင့်တွင် ချယ်လ်ဆီးကို လေး ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် သုံးပွဲကစားခဲ့ရာ နိုင်ပွဲပျောက်ဆုံးခဲ့သည်။

မန်ယူသည် ဝုလ်ဗာဟမ်တန်နှင့် ဆောက်သမ် တန်ကိုအနိုင်မရခဲ့ဘဲ သရေသာကစားနိုင်ခဲ့ပြီး အိမ်ကွင်းတွင် ပဲလေ့စ်အား ရှုံးနိမ့်ခဲ့သည်။ လက်စတာသည် ပရီးမီးယားလိဂ်ပွဲစဉ် (၄) အပြီး ရှုံးပွဲမရှိသော အသင်းသုံးသင်းတွင် ပါဝင်နေသည်။ နည်းပြရော်ဂျာလက်ထက် လက်စတာအသင်းမှာ ကစားအားကောင်းနေ သည်။ သို့သော် ရော်ဂျာက မန်ယူကွင်းတွင် ခက်ခက်ခဲခဲကစားရမည်ဟု ယုံကြည်ထား သည်။ လက်စတာသည် မန်ယူကွင်း၌ ရလဒ် ကောင်းလေ့မရှိပေ။

နည်းပြရော်ဂျာက "အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရတာက အမြဲတမ်းခက်ခဲပါတယ်။ ကျွန် တော်အိုးထရက်ဖို့ဒ်ကို နည်းပြအဖြစ်သွား ရောက်ယှဉ်ပြိုင်ရာမှာ နိုင်တဲ့ပွဲတွေရှိသလို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေလည်း ရှိပါတယ်။ မန်ယူ အသင်းဟာ အရည်အချင်းအမြဲရှိတဲ့ အသင်း ဖြစ်ပါတယ်။ သူတို့ကွင်းဟာ အမှန်တကယ် ကစားရခက်ပါတယ်။ မန်ယူအသင်းကိုလည်း လျှော့တွက်လို့မရပါဘူး"ဟု ဆိုခဲ့သည်။

လက်စတာအသင်းသည် အိုးထရက်ဖို့ဒ်၌ ပရီးမီးယားလိဂ်နိုင်ပွဲမရရှိသည်မှာ ၂၁ နှစ် ကြာမြင့်နေပြီဖြစ်သည်။ လက်စတာနည်းပြ ရော်ဂျာက မန်ယူကွင်း၌ အမှတ်ရရန်မျှော် လင့်ကြောင်းလည်း ဖွင့်ဟခဲ့သည်။ မန်ယူ နောက်ခံလူ မာဂူရီမှာ အသင်းဟောင်းလက် စတာနှင့် ပြန်လည်ရင်ဆိုင်ရမည်ဖြစ်သည်။

မန်ယူအသင်း၌ ဒဏ်ရာရကစားသမား များလည်းရှိနေ၍ နည်းပြဆိုးလ်ရှားမှာ ပွဲထွက် လူစာရင်းအတွက် ခေါင်းခဲစရာဖြစ်နေသည်။ မန်ယူကစားသမားခြောက်ဦးခန့် လက်စတာပွဲ လွဲချော်ရန်ရှိနေပြီး အဓိကကွင်းလယ်လူ ပေါ့ဘာမှာလည်း ဒဏ်ရာရနေသည်။ မန်ယူ သည် ယမန်နှစ် အိမ်ကွင်း၌ လက်စတာကို နှစ်ဂိုး တစ်ဂိုးဖြင့်နိုင်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး