မျက်နှာကလူတစ်ယောက်အတွက် အရေးပါတဲ့ သွင်ပြင်လက္ခဏာပါနော်။ လူအများစုပြောကြတာကစိတ်ဓာတ်ကိုကြည့်ပေါင်းတာဆိုပေမယ့် တကယ်တော့ စတွေ့စမှာရုပ်ရည်သွင်ပြင်ကိုကြည့်ကြတာပါ။ လှပကြော့ရှင်းတဲ့သွင်ပြင်ကယုံကြည်မှုကိုပါတိုးစေတာပါနော်။ ဒီလိုအရေးပါတဲ့ မျက်နှာလေးမှာနေလောင်ကွက်တွေအမဲစက်တွေဖြစ်နေမယ်ဆိုရင် တော်တော်လေးစိတ်ပျက်မိမှာအမှန်ပဲနော်။ ဒီအရေးပါတဲ့ မျက်နှာ သွင်ပြင်လေးကိုနေလောင်ဒဏ်နဲ့ အမဲစက်တွေကြောင့် အလှမပျက်စေဖို့ ဒီဆောင်းပါးလေးကနေတစ်ဆင့် ကူညီပေးပါရစေ။
အမဲစက်နဲ့ နေလောင်ကွက်တွေအတွက် ထိရောက်တဲ့ ကုထုံးတွေကဘာတွေများလဲ……….
မျက်နှာပေါ်က နေလောင်ကွက်နဲ့ အမဲစက်တွေကိုသက်သာစေဖို့ဆိုရင် ဒီနည်းလေးတွေကအဆင်ပြေစေမှာပါ။
Beta-carotene သောက်မယ်
လေ့လာသုတေသနပြုချက်တွေအရ Beta-carotene ကဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အသားအရေကိုလိုအပ်တဲ့အာဟာရဖြည့်တင်းပေးနိုင်သလိုနေရောင်ကြောင့်ဖြစ်တဲ့ အသားအရေထိခိုက်မှုတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ သခွားမွှေးတို့မှာ Beta-carotene ပါတယ်ဆိုပေမယ့် လုံလောက်တဲ့ ပမာဏရရှိဖို့ဆိုရင်တော့ Beta-carotene ဖြည့်စွက်ဆေးတစ်ခုခုသောက်ပေးပါ။
Retinoidsပါဝင်တဲ့ လိမ်းဆေးတစ်ခုခုလိမ်းမယ်
ဒီဒြပ်ပေါင်းကအရေပြားက ကော်လာဂျင်ပမာဏကိုတိုးစေနိုင်ပါတယ်။ ခရင်မ်ရှိသလို Serum အနေနဲ့လည်းအသုံးပြုနိုင် ပါတယ်။ ဒီနည်းလမ်းကလည်းနေလောင်ကွက်နဲ့ အမဲစက်တွေလျှော့ပါးသက်သာစေနိုင်ပါတယ်။
Chemical peeling လုပ်မယ်
ဒီကုထုံးကတော့ အပေါ်ယံအရေပြားကဆဲလ်သေတွေ၊ ပျက်စီးနေတဲ့ဆဲလ်တွေကိုဖယ်ရှားတဲ့ကုထုံးပါ။ ဆရာဝန်ကညွှန်ကြားတဲ့အတိုင်းလိုက်လုပ်ရုံပါနော်။ alpha-hydroxy acid cream ဒါမှမဟုတ် salicylic acid cream ကိုအသုံးပြုပြီးဆဲလ်သေတွေကိုဖယ်ရှားလို့ အရေပြားကိုပြန်ပြုပြင်တဲ့နည်းပါ။
Microdermabrasion ကုထုံး
ဒီကုထုံးကတော့ ဆန်စေ့လိုမျိုးအစေ့အဆန်တွေ၊ ပုံဆောင်ခဲလေးတွေ ဒါမှမဟုတ် စိန်တုံးရဲ့ ထိပ်ကလိုမျိုးအချွန်သေးသေးလေးတွေကိုအသုံးပြုပြီးအပေါ်ယံအရေပြားကိုဖယ်ရှားတဲ့ကုထုံးပေါ့။ ဒီနည်းလမ်းက ကော်လာဂျင်တွေဖြစ်ပေါ်လာအောင်လှုံ့ဆော်ပေးပြီး အရေပြားကိုကြည်လင်လှပစေနိုင်ပါတယ်။
လေဆာကုထုံး
ကုန်ကျစရိတ်အများဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းပါ။ အခြားကုထုံးတွေထက်ပိုမိုကုန်ကျနိုင်ပါတယ်။ အရေပြားကိုထွင်းဖောက်နိုင်တဲ့ လေဆာရောင်ခြည်ကိုအသုံးပြုပြီးပျက်စီးနေတဲ့အရေပြားအလွှာကိုဖယ်ရှားပြီးအရေပြားကိုအသစ်ဖြစ်ပေါ်စေတဲ့ကုထုံးပါ။
ကဲမျက်နှာပေါ်ကနေလောင်ကွက်တွေနဲ့ အမဲစက်တွေကြောင့် စိတ်ညစ်နေတာလား။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေကိုသုံးလို့ နေ့ရက်တိုင်းကိုယုံကြည်မှုရှိရှိဖြတ်သန်းလိုက်ကြစို့လား………..

















