အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီ တစ်လခန့်နားရဖွယ်ရှိ အာဆင်နယ်အတွက် ဘယ်လာရင်နှင့်တီယာနေး မကစားနိုင်သေး

အာဆင်နယ်တိုက်စစ်မှူး လာကာဇက်တီ တစ်လခန့်နားရဖွယ်ရှိ အာဆင်နယ်အတွက် ဘယ်လာရင်နှင့်တီယာနေး မကစားနိုင်သေး

အာဆင်နယ်တိုက်စစ်မှူး လာဂါဇက်တီသည် ခြေကျင်း ဝတ်ဒဏ်ရာကြောင့် အနည်းဆုံးတစ်လခန့်အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီသည် အဓိကတိုက် စစ်မှူးအဖြစ် ကစားနေသူဖြစ်၍ နည်းပြအမ်မရီအတွက် အခက်အခဲဖြစ်လာခဲ့သည်။

အာဆင်နယ်သည် ယနေ့ညတွင် ဝက်ဖို့ဒ်နှင့်ကစား ရမည်ဖြစ်ပြီး လာကာဇက်တီမှာ ပွဲလွဲချော်မည်ဖြစ်သည်။ အာဆင်နယ်သည် ဖရန့်ဖတ်၊ စတန်းဒက်လီဂီ၊ နော်တင် ဟမ်ဖောရက်တို့နှင့် ကစားရမည်ဖြစ်ရာ ကာလာဇက်တီမှာ ယင်းပွဲများ၌ ပါဝင်နိုင်မည်မဟုတ်ပေ။

အာဆင်နယ်အသင်းနည်းပြ အမ်မရီက "လာကာဇက် တီဟာ ဒဏ်ရာကြောင့်အနားယူရတော့မှာပါ။ သူဟာ အောက်တိုဘာကျမှ အသင်းအတွက် ပြန်ကစားပေးနိုင်မယ် လို့ထင်တယ်"ဟု ပြောကြားခဲ့သည်။

ခြေကျင်းဝတ်ဒဏ်ရာ ရနေသော လာကာဇက်တီသည် ဒဏ်ရာမှအမြန်ဆုံးပြန် ကောင်းပြီး အသင်းအတွက်ပြန်ကစားပေးမည်ဟု ဆိုခဲ့သည်။ အာဆင်နယ်တိုက်စစ်တွင် လာကာဇက်တီဒဏ်ရာရခဲ့၍ အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် အော်ဘာမီယန် ဦးဆောင်ကစားမည်ဖြစ်သည်။

အာဆင်နယ်ကစားသမားနှစ်ဦးဖြစ်သော ဘယ်လာရင် နှင့် တီယာနေးမှာလည်း အသင်းအတွက် မကစားနိုင်သေးကြောင်း သိရသည်။ ကစားသမားနှစ်ဦးစလုံး ဒဏ်ရာကြောင့် နားနေရသည်။

စပိန်နောက်ခံလူ ဘယ်လာရင်သည် ၂၀၁၉ ဇန်နဝါရီက ဒူးဒဏ်ရာရရှိခဲ့၍ ကာလရှည် နားခဲ့ရသည်။ ဆဲလ်တစ်အသင်းမှ အာဆင်နယ်သို့ပြောင်း ရွှေ့ခဲ့သော ကစားသမားသစ် တီယာနေးမှလည်း လက်ရှိ အချိန်တွင် ပေါင်ခြံဒဏ်ရာကြောင့် နားနေရသည်။

ဘယ်လာရင်နှင့် တီယာနေးသည် အသင်းကြီးနှင့် မကစားမီ အာဆင်နယ်ယူ-၂၃ အသင်းတွင်ကစားမည် ဖြစ်သည်။ အာဆင်နယ်နည်းပြ အမ်မရီက ကစားသမား နှစ်ဦးစလုံး အသင်းကြီးအတွက်ကစားနိုင်ရန် နီးစပ်နေပြီဟု ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး