Vape သောက်သုံးမှုကြောင့် သေဆုံးသူဦးရေပိုများလာကြောင်းလေ့လာတွေ့ရှိ

Vape သောက်သုံးမှုကြောင့် သေဆုံးသူဦးရေပိုများလာကြောင်းလေ့လာတွေ့ရှိ

Vape ဆိုတာဘာလဲ

ယနေ့ခေတ်မှာဆေးလိပ်အစားထိုးအဖြစ် လူငယ်တွေကြားမှာရေပန်းစားလာတဲ့ စီးကရက် (E-Cigarette) ဖြစ်ပါတယ်။ အရင်က ကျွန်တော်တို့သောက်နေကျ ဆေးလိပ်၊ ဆေးရွက်ကြီးတွေမှာလိုအဆုတ်နဲ့ နှလုံးကိုထိခိုက်ပျက်စီးစေတဲ့ နီကိုတင်းဓာတ် (Nicotine) တွေ မပါဝင်ဘူးလို့ ဈေးကွက်ထဲမှာဆိုထားပေမယ့် တကယ်တမ်းလုံးဝမပါဘူးလို့ သင်ထင်ပါသလား။

 ဒါဆိုရင်တော့ အခုတဖြည်းဖြည်း မြင့်တက်လာတဲ့ သေဆုံးမှုဦးရေကသင်ထင်ထားတာတွေ မှားနေတယ်ဆိုတာသက်သေပြနေပါပြီ။

Vape သောက်တဲ့အခါ အပူပေးလျှပ်စစ်ရှော့တိုက်ရတဲ့ အရည်တွေထဲမှာနီကိုတင်းတွေသာမကတခြားလူကိုစွဲလမ်းစေတဲ့ ဓာတုဗေဒပစ္စည်းပေါင်းများစွာပါဝင်နေပါတယ်။ အခုနောက်ပိုင်းလေ့လာတွေ့ရှိချက်အရဗီတာမင် အီးအက်စီတိတ် (Vitamin E acetate) ဆိုတဲ့ ဓာတ်လည်းပါဝင်နေတယ်ဆိုတာသိရပါတယ်။

ဗီတာမင် အီးအက်စီတိတ် က လူတွေကိုဒုက္ခဖြစ်စေသလား

အမှန်တကယ်ကဗီတာမင် အီးသည် လူတွေရဲ့ ကိုယ်ခန္ဓာနဲ့ အရေပြားကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ပုံမှန်အားဖြင့်တော့ အစာအိမ်ထဲကနေအာဟာရဓာတ်ကိုစုပ်ယူတယ်ဆိုပေမယ့် ဒီအခြေအနေမှာတော့ ဗီတာမင် အီးအက်စီတိတ်ကိုအရည်ကနေတစ်ဆင့် မီးရှို့ပြီးရလာတဲ့အငွေ့ကို အဆုတ်ကနေ ရှူရှိုက်လိုက်တာကြောင့် ဘေးဥပါဒ်ဖြစ်ရတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ Vape သောက်ရာကနေတစ်ဆင့် ဒီဓာတ်သတ္တုတွေဟာလူတွေကိုဘယ်လောက်ထိဒုက္ခဖြစ်စေနိုင်လဲဆိုတာတော့ လေ့လာနေဆဲပဲဖြစ်ပါတယ်။

Vape ကြောင့် ဘယ်သူတွေ သေဆုံးမှုအများဆုံးဖြစ်နေလဲ

လက်ရှိအချိန်မှာ ဆယ်ကျော်သက်အရွယ်တွေနဲ့ အသက်ငယ်သေးတဲ့ လူငယ်တွေမှာလွန်စွာအဖြစ်များနေတာကိုတွေ့ရပါတယ်။ ကြော်ငြာအားကောင်းလွန်းတာရော၊ အသစ်အဆန်းမှန်သမျှ စမ်းသုံးကြည့်ချင်တဲ့အရွယ် ဖြစ်နေတဲ့ လူငယ်တွေဟာ Vape ရဲ့ သားကောင်ဖြစ်လို့ဖြစ်မှန်းမသိတဲ့ ဘဝမှာရောက်နေပါတယ်။

Vape ကိုစွဲသောက်ပြီးနောက်မှာဘယ်လိုလက္ခဏာတွေ ပြလာလဲ

ဆေးလိပ်စွဲတာကို ဖြတ်ဖို့ စမ်းသောက်လိုက်ကာမှ Vape ပါ ဖြတ်မရဘဲစွဲလမ်းသွားကြတဲ့ လူငယ်တွေ ဒုနဲ့ဒေးပါပဲ။ ဆေးလိပ်လိုမျိုးအနံ့ကလည်းမနံဘဲအမွှေးရနံ့လေးကသင်းနေတယ်။ ဈေးကွက်တွေကလည်းVape ကို အန္တရာယ်ကင်းတဲ့ ဆေးလိပ်အစားထိုးပစ္စည်းပါဆိုပြီးအင်တိုက်အားတိုက် ကြော်ငြာနေကြတော့ ပိုဆိုးကုန်တော့တာပေါ့။

များသောအားဖြင့် စွဲသောက်တဲ့လူငယ်တွေမှာချောင်းအပြင်းအထန်ဆိုးတာ၊ အသက်ရှူကြပ်တာ၊ အသက်ကောင်းကောင်းရှူလို့မရတော့တာ၊ အော့အန်တာ၊ မောပန်းတာ၊ ကိုယ်အလေးချိန်ကျပြီးပိန်ချုံးလာတာအစရှိတဲ့လက္ခဏာတွေကသုံးစွဲပြီးရက်သတ္တပတ်အနည်းငယ်အတွင်း ပြလာတတ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ စိတ်ပိုင်းဆိုင်ရာကအလွန်အမင်းတက်ကြွလျက်ရှိပြီး အန္တရာယ်များတဲ့ အပြုအမူတွေ (လူပေါင်းများစွာနဲ့ လိင်ဆက်ဆံလိုစိတ်ဖြစ်တာ၊ လိင်စိတ်ဆန္ဒ ထိန်းမရတာ၊ မူးယစ်ဆေးဝါးတွေပါ သုံးစွဲလာတာ) ကိုပါ တွေ့လာရပါတယ်။ နေ့နေ့ညညနီကိုတင်းနဲ့ တခြားအဆိပ်သင့်ဓာတ်တွေ ရှူရှိုက်မိပြီးအချိန်ကြာလာတဲ့အခါ အဆုတ်နဲ့ နှလုံးက ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲကျန်းမာရေးထိခိုက်ကာအသက်သေဆုံးနိုင်ခြေကို မြင့်တက်စေပါတယ်။

ဒါကြောင့် ဆေးလိပ်ပဲဖြစ်ဖြစ်၊ Vape ပဲဖြစ်ဖြစ် စမသုံးစွဲမိအောင် ကိုယ့်စိတ်ကိုယ် အသိဉာဏ်နဲ့ ထိန်းဖို့၊ သုံးမိရင်လည်းအလွန်အကျွံမဖြစ်စေဖို့၊ ကိုယ့်ကျန်းမာရေးကိုသေချာဂရုစိုက်ဖို့ ထပ်ပြီးအကြံပေးလိုက်ချင်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021