၂၀၁၈ မတ်လနောက်ပိုင်း စီးရီးအေထိပ်ဆုံးနေရာမှ ဂျူဗင်တပ်စ်ဖယ်ပေးခဲ့ရ သုံးပွဲဆက်အနိုင်ရခဲ့သော အင်တာမီလန် အဆင့်(၁)နေရာ၌ ဦးဆောင်

၂၀၁၈ မတ်လနောက်ပိုင်း စီးရီးအေထိပ်ဆုံးနေရာမှ ဂျူဗင်တပ်စ်ဖယ်ပေးခဲ့ရ သုံးပွဲဆက်အနိုင်ရခဲ့သော အင်တာမီလန် အဆင့်(၁)နေရာ၌ ဦးဆောင်

ဂျူဗင်တပ်စ်အသင်းသည် စက်တင်ဘာ ၁၄ ရက်က ဖီအိုရင်တီးနားနှင့် အဝေးကွင်း ယှဉ်ပြိုင်ခဲ့ရာ အဆုံးသတ်အားနည်းခဲ့၍ ဂိုး မရှိသရေသာကစားနိုင်ခဲ့ကြောင်း သိရသည်။

အဆုတ်ရောင်နေ၍ အနားယူခဲ့ရသော နည်းပြ ဆာရီသည် ဂျူဗင်တပ်စ်အသင်းကို ပထမဆုံး အကြိမ် နည်းပြနိုင်သော်လည်း အနိုင်ရလဒ် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ကို စီရိုနယ်ဒိုဦးဆောင်လာပြီး အဓိက ကစားသမားများ အစုံအလင်ပါဝင်ခဲ့သည်။

ဖီအိုရင်တီးနားသည် ၎င်းတို့အိမ်ကွင်း၌အကြိတ် အနယ်ကစားခဲ့ခြင်းဖြစ်သည်။ ဂျူဗင်တပ်စ်သည် ဘောလုံးပိုင်ဆိုင်မှုအသာစီးမရခဲ့သော်လည်း တစ်ပွဲလုံးတွင် ဂိုးပေါက်ခြိမ်းခြောက်မှု ၁၈ ကြိမ်အထိ ရခဲ့သည်။ သို့သော် ဂျူဗင်တပ်စ် တိုက်စစ်မှူးများ ဂိုးရလိုစိတ်စောခဲ့ပြီး တိုက်စစ် အားနည်းခဲ့သည်။ ဂျူဗင်တပ်စ်သည် ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့သည့်အချိန် အင်တာ မီလန်အသင်းမှာ တစ်ယောက်လျော့ အူဒီးနီးစ် ကို တစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

စီးရီးအေလက်ရှိချန်ပီယံ ဂျူဗင်တပ်စ် အသင်းသည် ၂၀၁၈ ခုနှစ် မတ်လ ၃ ရက် နောက်ပိုင်း စီးရီးအေအမှတ်ပေးဇယားထိပ် ဆုံးမှ နေရာဖယ်ပေးခဲ့ရသည်။ ဂျူဗင်တပ်စ် သည် စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံး တွင်  ရက်ပေါင်း ၅၆၀ ရပ်တည်နိုင်ခဲ့ပြီး ယခုအခါ အင်တာမီလန်က ဦးဆောင်နေသည်။

ဖီအိုရင် တီးနားနှင့် ဂိုးမရှိသရေကစားခဲ့ပြီးနောက် ဂျူ ဗင်တပ်စ်အသင်းနည်းပြဆာရီက "ဖီအိုရင် တီးနားကစားသွားတာ တော်တော်ကောင်းပါ တယ်။ ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့တာလည်း များတယ်။ ဖလောရင့်မှာ မွန်းလွဲချိန်ကစားခဲ့ရတာပါ။ ဒီအခြေအနေက ကစားသမားတွေအတွက် ကစားရခက်ပါတယ်"ဟု ပြောဆိုခဲ့သည်။

ဖီအိုရင်တီးနားနှင့် ဂျူဗင် တပ်စ်တို့သည် အပူချိန် ၃၂ ဒီဂရီအောက် တွင် ကစားခဲ့ရခြင်းဖြစ်ပြီး ကစားသမားများ အတွက် အခက်အခဲဖြစ်ပေါ်စေခဲ့သည်။

ဂျူဗင်တပ်စ်သည် စီးရီးအေပွဲစဉ် ၄ တွင် အိမ်ကွင်း၌ ဗီရိုနာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ နည်းပြသစ် ကွန်တီလက်ထက် အင်တာမီလန် အသင်းမှာ စီးရီအေသုံးပွဲဆက် အနိုင်ရခဲ့ပြီး အဆင့်တစ်နေရာတွင် ရပ်တည်နေသည်။

အင်တာမီလန်နည်းပြကွန်တီက "ကျွန်တော်တို့ အနေနဲ့ ပွဲတိုင်းရလဒ်ကောင်းဖို့ တိုက်ပွဲဝင် ရမယ်။ အူဒီးနီးစ်ပွဲ ခက်ခဲခဲ့ပါတယ်။ အူဒီးနီးစ် ဟာ နောက်ဆုံးမိနစ်အထိ စုစုစည် စည်း ကစားသွားခဲ့တယ်"ဟု ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး