ရှော်လ်ကေး − မိန့်ဇ်
စနေ၊ နံနက် ၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မိန့်ဇ် ၃-ဝ ရှော်လ်ကေး
ပြီးခဲ့တဲ့ရာသီတွေ့ဆုံမှုတွေကို ကြည့်လိုက်ရင် အိမ်ရှင်အဖြစ်ကစားရတဲ့အသင်းက အနိုင်ရရှိခဲ့တာကို တွေ့ရတယ်။ အခုရှော်လ်ကေးကွင်းမှာ ကစားရမှာပါ။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ရှော်လ်ကေးတို့ အဝေးကွင်းမှာတန်းတက် ပက်ဒါဘွန်းကို ဂိုးသွင်းစွမ်းရည်ပြခဲ့ပါတယ်။ ဒါကြောင့် အခုပွဲမှာ ရှော်လ်ကေးကိုပဲ ယုံကြည်ချင်တယ်။
ဘိုင်ယန်မြူးနစ် − ကိုလုံး
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ကိုလုံး ၁-၃ ဘိုင်ယန်
အသင်းအင်အားကွာတဲ့ ပြိုင်ဘက်တွေနဲ့ဆိုရင် ဘိုင်ယန်ရဲ့ ဂိုးသွင်းအားကများတတ်ပါတယ်။ အခုလည်း တန်းတက်ကိုလုံးကို အိမ်ကွင်းမှာ ကစားရမှာပါ။ ချန်ပီယံလိဂ်ပွဲ ကစားထားရတယ်ဆိုပေမဲ့ ကိုလုံးကိုတော့ အနိုင်ရအောင် ကစားသွားမှာပါ။
လေဗာကူဆင် − ယူနီယံဘာလင်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ လေဗာကူဆင် ၄-၁ ယူနီယံဘာလင်
ယူနီယံဘာလင်က ပွဲစဉ် (၃) မှာ ဒေါ့မွန်ကို ၃−၁ နဲ့ နိုင်ခဲ့တယ်။ ပွဲစဉ် (၄) မှာ ဒေါ့မွန်က လေဗာကူဆင်ကို ၄−ဝ နဲ့နိုင်တယ်။ သင်္ချာနည်းအရဆိုရင် ယူနီယံဘာလင်ကသာပါတယ်။ ဒါပေမဲ့ အခုပွဲမှာတော့ လေဗာကူဆင်ကိုပဲ ရွေးထားရမှာပါ။
ဟာသာဘာလင် − ပက်ဒါဘွန်း
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဟာသာ ၂-ဝ ပက်ဒါဘွန်း
နှစ်သင်းစလုံးက အမှတ်ပေးဇယားအောက်ခြေကို ရောက်နေတဲ့အသင်းတွေပါ။ တစ်သင်းကို တစ်မှတ်စီပဲ ရထားပါတယ်။ဟာသာဘာလင်က ဘိုင်ယန်ကို ၂−၂ သရေကျတဲ့ပွဲပဲ သွင်းဂိုးရခဲ့ပါတယ်။ ပက်ဒါဘွန်းက ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့အသင်းပါ။ ပက်ဒါဘွန်းကို ရွေးကြည့်ချင်တယ်။
ဖရိုင်းဘတ် − အော့စ်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုင်းဘတ် ၅-၁ အော့စ်ဘတ်
ဖရိုင်းဘတ်က လေးပွဲကစားပြီးချိန်မှာသုံးပွဲနိုင်၊ တစ်ပွဲသာရှုံးနိမ့်ထားတဲ့အသင်းပါ။ အော့စ်ဘတ်က တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊နှစ်ပွဲရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံမှုမှာ ဖရိုင်းဘတ်ကနိုင်ထားတော့ အခုလည်း ဖရိုင်းဘတ်ဘက်ကပဲ ရပ်တည်သင့်တယ်။
ဝါဒါဘရီမင် − လိုက်ပဇစ်
စနေ၊ ည ၁၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝါဒါဘရီမင် ၂-၁ လိုက်ပဇစ်
ဝါဒါဘရီမင်ကလည်း သူ့အစွမ်းရှိသလောက်တောက်ပနေတဲ့ အသင်းပါ။ လိုက်ပဇစ်ကတော့ ပိုပြီးတည်ငြိမ်ပါတယ်။ အခုပွဲမတိုင်မီ လိုက်ပဇစ်တို့ ချန်ပီယံလိဂ်ကစားထားရတာကိုတော့ သတိထားရမှာပါ။ အိမ်ရှင် ဝါဒါဘရီမင်ကို ပိုကြိုက်တယ်။
မွန်ချင်ဂလက်ဘတ် − ဒူဆယ်ဒေါ့ဖ်
တနင်္ဂနွေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဒူဆယ်ဒေါ့ ၃-၁ မွန်ချင်
မိုချင်တို့ လက်ရှိအချိန်မှာ ရလဒ်ကောင်းနေတယ်ဆိုပေမဲ့ ခြေစွမ်းက စိတ်မချရသေးပါဘူး။ ဒူဆယ်ဒေါ့ဖ်ကလည်း အများကြီးမျှော်လင့်လို့ မရသေးပါဘူး။ အခြေအနေတူနှစ်သင်းတွေ့ဆုံမှုမှာ မွန်ချင်ကို အားပေးချင်တယ်။
ဖရန့်ဖတ် − ဒေါ့မွန်
တနင်္ဂနွေ၊ ည ၁ဝး၃ဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရန့်ဖတ် ၁−၁ ဒေါ့မွန်
နှစ်သင်းစလုံးက ပြီးခဲ့တဲ့ကြားရက်မှာဥရောပပြိုင်ပွဲတွေ ကိုယ်စီကစားထားရတာကြောင့် ပွဲပန်းနေမှုချင်း တူညီနေပါတယ်။အခုပွဲမှာ ဖရန့်ဖတ်တို့ အိမ်ကွင်းမှာကစားရမှာဖြစ်ပေမဲ့ ခြေစွမ်းက ဒေါ့မွန်ကို မမီပါဘူး။ ဒေါ့မွန် ကပ်နိုင်သွားမယ်ထင်တယ်။
ဝုဖ်ဘတ် − ဟော့ဖန်ဟိမ်း
အင်္ဂါ၊ နံနက် ၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဟော့ဖန်ဟိမ်း ၁-၄ ဝုဖ်ဘတ်
ဝုဖ်ဘတ်က အခုချိန်ထိ ရှုံးပွဲမရှိသေးတဲ့အသင်းပါ။ ဟော့ဖန်ဟိမ်းက ရမှတ် လေးမှတ်သာရထားတဲ့အသင်းပါ။ ဝုဖ်ဘတ်အိမ်ကွင်းမှာ ဟော့ဖန်ဟိမ်း မလွယ်ပါဘူး။ ဝုဖ်ဘတ်ပါပဲ။














