စည်းလုံးမှုလိုအပ်နေမှုကြောင့် ဘာသာရေးအဖွဲ့အစည်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထောက်ပံ့နေခြင်းဟုဆို

စည်းလုံးမှုလိုအပ်နေမှုကြောင့် ဘာသာရေးအဖွဲ့အစည်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထောက်ပံ့နေခြင်းဟုဆို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ခရစ်ယာန်အဖွဲ့အစည်းများကို လှူဒါန်းထောက်ပံ့မှုများပြုလုပ်နေခြင်းမှာ စည်းလုံးမှုလိုအပ်နေသည့်အတွက်ဖြစ်ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၁၉ ရက်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

"ကျွန်တော်တို့နိုင်ငံမှာ စည်းလုံးမှုလိုအပ်နေတဲ့အချိန်ဖြစ်တယ်။ နိုင်ငံရေးအရ စည်းလုံးညီညွတ်မှု၊ ဘာသာရေးဆိုင်ရာ စည်းလုံးညီ ညွတ်မှု၊ လူမျိုးရေးဆိုင်ရာ စည်းလုံးညီညွတ်မှုတွေလိုအပ်နေတာဖြစ် လို့ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာ လုပ်တာဖြစ်တယ်"ဟု ၎င်းက ပြောဆိုသည်။

လုပ်လေ့လုပ်ထမရှိခဲ့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရုရှားနိုင်ငံတွင် ကျင်းပ ခဲ့သည့်  International Army Games- 2019   ပိတ်ပွဲကို သွားရောက် ခဲ့ပြီးနောက်ပိုင်းတွင် ယခင်က လုပ်လေ့လုပ်ထမရှိသည့် ဘာသာရေး အဖွဲ့အစည်းများအား လှူဒါန်းထောက်ပံ့မှုများကို ဆက်တိုက်ပြုလုပ် ခဲ့သည်။

လက်ရှိအချိန်တွင် တပ်မတော်အပေါ် ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု များပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိသည်။

ရုရှား၏အကြံပေးမှု

နိုင်ငံတကာနယ်ပယ်တွင် မြန်မာ့တပ်မတော်အပေါ် ထောက်ခံမှု ပြထားသည့် ရုရှားနိုင်ငံနှင့် မြန်မာ့တပ်မတော် ခေါင်းဆောင်များ အကြား ရင်းနှီးသောဆက်ဆံရေးရှိနေပြီး ယခုကဲ့သို့ ဘာသာရေးအဖွဲ့ အစည်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထောက်ပံ့လှူ ဒါန်းမှုပြုလုပ်ခြင်းမှာ ရုရှားနိုင်ငံ၏ အကြံပေးမှုဖြစ်နိုင်ကြောင်း သုံး သပ်ချက်များလည်းရှိနေသည်။

ငြင်းဆို

သို့သော်လည်း ယခုကဲ့သို့ တပ်မတော်က လုပ်ဆောင်ခြင်းသည် ရုရှားနိုင်ငံနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး