ဖရန့်ဖတ်ကွင်း၌ သုံးဂိုးဂိုးမရှိဖြင့် အာဆင်နယ်အသင်းအနိုင်ကစား ယူရိုပါလိဂ်အုပ်စုအဖွင့်နိုင်ပွဲ လူငယ်များအား နည်းပြအမ်မရီချီးကျူး

ဖရန့်ဖတ်ကွင်း၌ သုံးဂိုးဂိုးမရှိဖြင့် အာဆင်နယ်အသင်းအနိုင်ကစား ယူရိုပါလိဂ်အုပ်စုအဖွင့်နိုင်ပွဲ လူငယ်များအား နည်းပြအမ်မရီချီးကျူး

အာဆင်နယ်အသင်းသည် စက်တင်ဘာ ၁၉ ရက်က ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲအဖြစ် ဖရန့်ဖတ်ကွင်းသို့သွားရောက် ကစားခဲ့ရာ သုံးဂိုးဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး အဖွင့်လှ ခဲ့သည်။

အာဆင်နယ်နည်းပြ အမ်မရီသည် ဝက်ဖို့ဒ်ပွဲ ပွဲထွက်လူစာရင်းကို ခုနစ်နေရာ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဖရန့်ဖတ်အား ရင်ဆိုင်ခဲ့သည်။ အာဆင်နယ်အသင်းတိုက် စစ်တွင် အော်ဘာမီယန်ဦးဆောင်ခဲ့ပြီး ကွင်းလယ်တွင် လူငယ်တောင်ပံကစားသမား ဆာကာ၊ ဝီလော့ခ်၊ စမစ်ရိုဝီ၊ ဇာကာနှင့် တော်ရဲရားတို့ ပါဝင်ကစားခဲ့သည်။

အာဆင် နယ်သည် ၃၈ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ဆာကာ၏ ဖန်တီးမှုမှတစ်ဆင့် ဝီလော့ခ်က သွင်းယူခဲ့သည်။

ပွဲချိန် ၇၉ မိနစ်တွင် ဖရန့်ဖတ်ကစားသမားတစ်ဦး ထုတ်ပယ်ခံရ၍ အာဆင်နယ်မှာ ကစားသမားတစ်ယောက် အသာရခဲ့သည်။ လူငယ်ကစားသမားဆာကာမှာ ခြေစွမ်းပြခဲ့ပြီး ၈၅ မိနစ်တွင် ပီပီ၏ဖန်တီးမှုမှတစ်ဆင့် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။

ဆာကာသည် ပွဲချိန် ၈၇ မိနစ်တွင် အော်ဘာမီယန် တတိယဂိုးသွင်းယူနိုင်ရန် ဂိုးဖန်တီးခဲ့ပြီး အာဆင်နယ်က သုံးဂိုးပြတ်အနိုင်ရခဲ့သည်။

နည်းပြအမ်မရီက"ဒီည ကစား သွားတဲ့စွမ်းဆောင်ရည်က ကောင်းပါတယ်။ ကျွန်တော်တို့ အနိုင်ရလဒ်ထိုက်တန်တယ်။ ဂိုးသွင်းပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဆာကာဟာဆိုရင်လည်း ယုံကြည်မှုရှိလာမှာပါ။ ရိုဝီဆိုရင် ဒီရာသီမှာ ဒဏ်ရာရနေလို့ ဖရန့်ဖတ်ပွဲ ပထမဆုံးကစား ခဲ့တာပါ။ သူ့ရဲ့ခြေစွမ်းမဆိုးပါဘူး။ ဝီလော့ခ်ရဲ့ခြေစွမ်း ကလည်း တိုးတက်လာဦးမှာပါ"ဟု ပွဲအပြီး၌ ထုတ်ဖော် ပြောဆိုခဲ့သည်။

အာဆင်နယ်သည် ယူရိုပါလိဂ်ပွဲအပြီး ပရီးမီးယား လိဂ်ပွဲအဖြစ် ဗီလာနှင့် အဝေးကွင်းပွဲကစားရမည်ဖြစ်သည်။ ဒဏ်ရာရကစားသမားနှစ်ဦးဖြစ်သော တီရာနေးနှင့် ဘယ်လာရင်တို့မှာ အသင်းကြီးအတွက် ပါဝင်ကစားနိုင်ရန် နီးစပ်မှုရှိနေသည်။ ကစားသမားနှစ်ဦးစလုံးသည် အာဆင် နယ် ယူ- ၂၃ အသင်းအတွက် ကစားပြီးမှ အသင်းကြီးနှင့် ပါဝင်လာနိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး