ပေါ်တူဂီနှင့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ၎င်းငယ်စဉ်က ဘာဂါ ကျွေးခဲ့ဖူးသူ အမျိုးသမီးသုံးဦးအနက် ပေါ်လာလီကာဟုအမည်ရသော အမျိုး သမီးတစ်ဦးကို ကျေးဇူးဆပ်ခွင့်ရပြီဖြစ် ကြောင်း သိရသည်။
အသက် ၃၄ နှစ် အရွယ် စီရိုနယ်ဒိုသည် မာဒီရာ၌ ငယ် ဘဝဖြတ်သန်းခဲ့စဉ် ဘောလုံးကွင်းအနီး ဖွင့်ထားသော မက်ဒေါ်နယ်ဆိုင်မှ ဘာဂါ များတောင်းစားခဲ့ဖူးသည်။
စီရိုနယ်ဒို သည် မကြာမီက ဗြိတိန်ဂျာနယ်လစ် ပီယာမော်ဂန်နှင့် အင်တာဗျူးခဲ့ရာ ဘာဂါ ကျွေးခဲ့ဖူးသူ မက်ဒေါ်နယ်ဝန်ထမ်းအမျိုး သမီးသုံးဦးကို ပြန်တွေ့ပါက တူရင် သို့ မဟုတ် လစ္စဘွန်းတွင် ညစာဖြင့် ပြန်လည် ဧည့်ခံကာ ကျေးဇူးဆပ်လိုကြောင်း ထုတ် ဖော်ပြောဆိုခဲ့သည်။
စီရိုနယ်ဒိုငယ်စဉ်က ဘာဂါများကျွေးခဲ့ဖူးသူ အမျိုးသမီးတစ် ဦးမှာ အက်ဒ်နာဖြစ်ပြီး အက်ဒ်နာ၏သတင်းအစအနမှာ ပျောက်ဆုံးနေသည်။
သို့သော် စီရိုနယ်ဒို၏အင်တာဗျူး ထုတ်လွှင့်ပြသခဲ့ပြီးနောက် ပေါ်လာလီ ကာက ၎င်းမှာ စီရိုနယ်ဒိုငယ်စဉ်က ဘာဂါများကျွေးခဲ့ဖူးသူဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုခဲ့သည်။
လီကာက စီရိုနယ်ဒို ၏ညစာဖိတ်ကျွေးမှုကို ဝမ်းပန်းတသာ လက်ခံမည်ဟုလည်း အသိပေးခဲ့သည်။ စီရိုနယ်ဒိုသည် လက်ရှိတွင် ကမ္ဘာကျော်ပြီး ကြွယ်ဝနေသော်လည်း ငယ်စဉ်ဘဝ ကြမ်းတမ်းခဲ့သည်။















