မြန်မာအစိုးရနှင့် မြောက်ပိုင်းလက်နက် ကိုင်အဖွဲ့များ တရုတ်-–မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးကို လက်တွေ့ကျကျထိန်းသိမ်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ Mr. Geng Shuangကပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးက စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။
မြန်မာအစိုးရ၊ တပ်မတော်နှင့်မြောက်ပိုင်း အဖွဲ့များအကြား ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့၌ပြုလုပ်ခဲ့ရာ သဘော တူညီချက်အချို့ရရှိခဲ့ပြီး အစည်းအဝေးမှတ် တမ်းကို လက်မှတ်ထိုးနိုင်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစိုက်မတ်မတ်ထောက်ခံအားပေးပြီး မြန်မာ နိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် သဘောထားမတိုက် ဆိုင်မှုကိုဖြေရှင်းကြရန် တရုတ်အစိုးရက တောက်လျှောက် အဆိုပြုတိုက်တွန်းခဲ့ ကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနနှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လေးဖွဲ့အကြား ဆွေးနွေးမှုတိုးတက်မှုရရှိခြင်းသည် မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေကောင်းမွန်လာရေး၊ တရုတ်-–မြန်မာနယ်စပ်တည်ငြိမ်အေးချမ်းမှုထိန်းသိမ်းရေးအတွက် အရေးပါကြောင်း ၎င်းက ပြောဆိုသည်။
လက်တွေ့ကျကျထိန်းသိမ်း
သက်ဆိုင်ရာအဖွဲ့အစည်းများ ငြိမ်းချမ်းစွာဆွေးနွေးသည့်အနေအထားကို ဆက်လက်ထိန်း သိမ်းထားပြီး သဘောတူညီချက်များတိုးပွားစေရန်၊ အပြန်အလှန်ယုံကြည်မှုရရှိစေရန် ဆောင် ရွက်ကာ ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးတက်မှုအဆက်မပြတ်ရရှိရန် တွန်းအားပေးကြမည်ဟု မျှော်လင့်ကြောင်း၊ တစ်ချိန်တည်းတွင် အတတ်နိုင်ဆုံးထိန်းချုပ်ကြပြီး မြန်မာနိုင်ငံမြောက်ပိုင်း နှင့် တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျထိန်းသိမ်းကြရန် လည်း ၎င်းကတိုက်တွန်းခဲ့သည်။

















