အကိုက်အခဲပျောက်ဆေးဆိုတာနေ့တိုင်းသောက်လို့ မကောင်းဘူးနော်

အကိုက်အခဲပျောက်ဆေးဆိုတာနေ့တိုင်းသောက်လို့ မကောင်းဘူးနော်

အလုပ်အရမ်းများတဲ့သူတွေအတွက် Aspirin ဆိုတဲ့ အကိုက်အခဲပျောက်ဆေးကစိမ်းမယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နေကုန် ထိုင်ပြီးအလုပ်လုပ်နေရတာ၊ ဟိုဒီသွားနေရတာ ကြာလာတဲ့အခါ လူက ဇက်ကြောတွေတက်၊ အညောင်းမိသလို ဖြစ်ပြီးညအိပ်ချိန်ကျ ကိုက်ခဲနေတတ်တယ်မလား။ အဲဒီအခါကျ နာကျင်မှုဝေဒနာသက်သာအောင်ဆိုပြီးအကိုက်အခဲပျောက်ဆေးကိုသောက်ပြီးမှ အိပ်တတ်ကြပါတယ်။ တစ်ရက်တလေသောက်တာက ပြဿနာမရှိပေမဲ့ နေ့စဉ်ရက်ဆက် စွဲသောက်မယ်ဆိုရင်တော့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်တယ်ဆိုတာမေ့ထားလို့မရပါဘူး။
 

ဘယ်ဝေဒနာရှင်တွေအတွက် အသင့်တော်ဆုံးလဲ။
အကိုက်အခဲပျောက်ဆေးကိုနေ့စဉ်ရက်ဆက် စွဲပြီးသောက်တာဟာ နှလုံးရောဂါရှိဖူးတဲ့သူတွေ၊ နှလုံးအမောဖောက်ဖူးတာ၊ သတိလစ်တတ်တဲ့သူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာပြပြီးစွဲသောက်လို့ရပါတယ်။ အသက်ကြီးပိုင်းအရွယ်တွေ၊ ဆေးလိပ်သောက်နေသူတွေ၊ ကိုလက်စထရောကျဆေးသောက်နေရသူတွေ၊ ဆီးချို၊ သွေးတိုးရောဂါအခံရှိသူတွေဆိုရင်လည်းဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အကိုက်အခဲပျောက်ဆေးကိုစွဲသောက်လို့ အဆင်ပြေပါတယ်။

ဆရာဝန်နဲ့ အရင်မပြဘဲအကိုက်အခဲပျောက်ဆေးသောက်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။
အားကစား၊ လေ့ကျင့်ခန်းလုပ်ပြီးကိုက်ခဲတာ၊ တစ်နေကုန် အလုပ်လုပ်ရလို့ ညောင်းကိုက်တာ၊ အာရုံကြောအားနည်းတာ၊ ဖျားချင်သလိုဖြစ်နေတာအစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကိုက်အခဲပျောက်ဆေးကိုဆရာဝန်နဲ့ အရင်မတိိုင်ပင်ဘဲသောက်တတ်ကြပါတယ်။ ဒီနေရာမှာသိထားဖို့ကအကိုက်အခဲပျောက်ဆေးဆိုတာလုံးဝသောက်လို့မရတာမဟုတ်ပါဘူး။ ဒါပေမယ့် အားဆေးမဟုတ်တဲ့အတွက် ရေရှည်စွဲသောက်မယ်ဆိုရင် ကိုယ်ခန္ဓာအတွက် ဘေးဥပါဒ်ပြန်ပြီး ဖြစ်စေနိုင်ပါတယ်။
အကိုက်အခဲပျောက်ဆေးကိုနေ့တိုင်းသောက်တဲ့သူတွေမှာကိုယ်တွင်းအင်္ဂါ သွေးထွက်ခြင်း၊ သွေးယိုစီးမှုဖြစ်ခြင်းအစရှိတဲ့ အန္တရာယ်ကြီးမားတဲ့အခြေအနေအပြင် မကြာခဏခေါင်းမူးခေါင်းကိုက်တာ၊ ဆေးကိုစွဲလမ်းသွားပြီးမသောက်ရမနေနိုင်တော
တွပါ ဖြစ်လာနိုင်ပါတယ်။

ဆေးမသောက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။
အားဆေးပဲဖြစ်ဖြစ်၊ ဖြည့်စွက်စာပဲဖြစ်ဖြစ် ကိုယ်ကဆေးဝါးအသစ်တစ်မျိုးကစသောက်တော့မယ်လို့ စဉ်းစားထားရင် အရင်ဆုံးဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ မိဘမျိုးရိုး၊ ကျန်းမာရေးအခြေအနေနဲ့ ဘာကြောင့်သောက်ဖို့ လိုအပ်တာလဲဆိုတဲ့ အကြောင်းရင်းတွေပေါ် မူတည်ပြီးဆရာဝန်ကဆေးပြောင်းတိုက်တာ၊ ရောဂါရဲ့ ဇစ်မြစ်ကိုရှာဖွေတာတွေ လုပ်ပေးနိုင်ပါတယ်။ ကျန်းမာရေးကောင်းတဲ့သူတစ်ယောက် သာမန်ညောင်းညာကိုက်ခဲတာအတွက်ကနေထိုင်မှုပုံစံနဲ့ အစာအာဟာရကိုအဓိကပြောင်းလဲပေးနိုင်ရင် လုံလောက်ပါတယ်။ ဥပမာ – အစာအာဟာရ ပြည့်ဝစုံလင်စွာစားပေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကွန်ပျူတာရှေ့မှာအလုပ်လုပ်နေရတဲ့သူတွေအတွက် ထိုင်ပြီးအလုပ်လုပ်သင့်တဲ့ ပုံစံအနေအထား၊ အိပ်ချိန်မှန်အောင်၊ ပြည့်ဝအောင် အိပ်စက်အနားယူတာတွေကိုလုပ်ပေးမယ်ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးမလိုဘဲဝေဒနာသက်သာသွားနိုင်ပါတယ်။
ဆေးဆိုတာရောဂါကိုထိန်းချုပ်ကုသပေးနိုင်တယ်ဆိုပေမယ့် စိတ်ထင်တိုင်း သောက်သင့်တဲ့အရာမဟုတ်ဘူးဆိုတာကိုထပ်မံသတိပေးရင်းဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021