ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင်ကျွဲ ကောသီး

ကိုယ်ခံအားပါကောင်းစေနိုင်တဲ့ ဆေးဖက်ဝင်ကျွဲ ကောသီး

အချိုအချဉ်လည်းမပြင်းဘဲအရည်ရွှမ်းတဲ့ ကျွဲကောသီးလေးစားရတာရင်အေးစေပါတယ်။ ဗီတာမင် စီ ကြွယ်ဝလွန်းလို့ ဆေးဖက်ဝင်အစွမ်းတွေအများကြီးရှိတယ်လို့ ပြောကြပေမယ့် စားကြည့်တော့ ချိုချဉ်လေးရယ်။ အချဉ်တအားမပြင်းဘဲနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တာဘယ်လောက်ကောင်းလိုက်လဲ။ ပြောကြတာတော့ သွေးတိုးကျတယ်၊ အစာကြေတယ်နဲ့၊ တခြားဘာတွေဆေးဖက်ဝင်သေးလဲဆက်ပြီးကြည့်ရအောင်…

ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်လဲ
(၁)ကိုယ်ခံအားကောင်းစေတယ်
ကျွဲကောသီးမှာတစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီရဲ့ ၆၀ဝ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဗီတာမင်စီကသွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်တဲ့ free radicals တွေကိုတိုက်ထုတ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။ သူ့ကြောင့်ပဲ ချောင်းဆိုး၊ အအေးမိ၊ နာဖျားတာတွေ၊ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တာတွေကိုကာကွယ်ခုခံနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် စီကကိုယ်ခံအားဆဲလ်တွေနဲ့ ပဋိပစ္စည်းတွေကိုအားဖြည့်ပေးတာမို့ အအေးမိ၊တုပ်ကွေးရောဂါတွေကိုကာကွယ်ပေးနိုင်ပါတယ်။

(၂) အစာခြေစနစ်ကိုကူညီတယ်
အသီးအနှံတွေမှာအမျှင်ဓာတ်ပါဝင်လေ့ရှိသလိုပဲ ကျွဲကောသီးမှာတစ်နေ့တာလိုအပ်တဲ့အမျှင်ဓာတ်ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းပါဝင်လို့ အစာခြေစနစ်ကိုကျန်းမာစေတယ်။ ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေတော်ရုံမဖြစ်ဘူး။ အမျှင်ဓာတ်ကအစာခြေရည်တွေထွက်ရှိမှုကို နှိုးဆွပေးပြီးအစာခြေလမ်းကြောင်းအတွင်းလုပ်ဆောင်ချက်တွေ ချောမွေ့အောင်ကူညီပေးတယ်၊ အစာကြေစေတယ်။

(၃) သွေးတိုးကိုထိန်းညှိပေးတယ်
ကျွဲကောသီးမှာ တစ်နေ့တာလိုအပ်တဲ့ ပိုတက်စီယမ်ပမာဏရဲ့ ၃၇ ရာခိုင်နှုန်းလောက်ပါဝင်တယ်။ ပိုတက်စီယမ်ကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်အောင်ထိန်းညှိပေးပြီး သွေးလည်ပတ်မှုကိုကောင်းစေတယ်။ နှလုံးကိုလည်းဝန်အားလျှော့ချပေးပြီး နှလုံးရောဂါအန္တရာယ်တွေ လျော့နည်းစေနိုင်တယ်။

(၄) ကြွက်တက်တာသက်သာစေတယ်
ကြွက်တက်တာ၊ ကြွက်သားတောင့်တင်းတာတွေအတွက်အရေးပါတဲ့ ခန္ဓာကိုယ်တွင်းအရည်ဓာတ်တွေကိုထိန်းညှိရာမှာပိုတက်စီယမ်ကအရေးပါပါတယ်။ ပိုတက်စီယမ်ချို့တဲ့ရင် ကြွက်တက်တာ၊ အရွတ်စုတ်တာ၊ ကြွက်သားတွေတောင့်တင်းတာစတဲ့အကျိုးဆက်တွေဖြစ်လာတတ်ပါတယ်။ ပုံမှန်အားဖြင့် ကြွက်တက်ခြင်းကမဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်တို့လို electrolyte တွေနဲ့ အရည်ဓာတ်တွေလျော့နည်းလို့ဖြစ်တတ်တာပါ။

(၅) သွားနဲ့ခံတွင်းကျန်းမာစေတယ်
ဗီတာမင်စီ ကြွယ်ဝတဲ့ ကျွဲကောသီးကသွားနဲ့သွားဖုံးတွေကျန်းမာစေဖို့လည်းအကျိုး ပြုပါတယ်။ ဗီတာမင်စီသာချို့တဲ့မယ်ဆိုသွားဖုံးသွေးယိုတာ၊ သွားတွေမခိုင်တာဖြစ်လာနိုင်တယ်လေ။ ဒီအသီးမှာပါတဲ့ ကော်လာဂျင်ကြောင့် သွားနဲ့သွားဖုံးတွေကိုကျန်းမာအောင် ထိန်းညှိပေးနိုင်တဲ့အပြင် ဗီတာမင်စီကြောင့် ဘက်တီးရီးယားပိုးဝင်တာတွေ ကာကွယ်ပေးနိုင်တယ်။

(၆) အရိုးသန်မာစေတယ်
ကျွဲကောသီးမှာပါတဲ့ သတ္တုဓာတ်တွေကအရိုးဆဲလ်အသစ်ဖြစ်ပေါ်ခြင်းနဲ့ အရိုးမပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်။ ကျွဲကောသီးမကြာခဏစားပေးရင် အရိုးပွရောဂါ၊ အရိုးပါးရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေတယ်၊ အရိုးကျိုးအက်နိုင်ခြေနည်းစေတယ်။

(၇) ဝိတ်ကျစေနိုင်တယ်
သူ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေကြောင့် ကိုယ်အလေးချိန်ကိုတက်စေနိုင်တဲ့ သကြားဓာတ်နဲ့ ကစီဓာတ်တွေကိုစုပ်ယူမှုလျော့နည်းစေပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီးအဆီလောင်ကျွမ်းမှုကိုမြန်စေတဲ့အတွက် အဆီချလိုတဲ့သူတွေ သရေစာအချိုပွဲအဖြစ်စားလို့ရပါတယ်။

(၈) ကင်ဆာကာကွယ်တယ်
ကျွဲကောသီးမှာပါတဲ့ bioflavonoids တွေကြောင့် ပန်ကရိယကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊ရင်သားကင်ဆာတို့လို ရောဂါတွေကိုကာကွယ်ပေးနိုင်တယ်။

(၉) အနာကျက်မြန်စေတယ်
ဗီတာမင်စီ ကြွယ်ဝတဲ့အသီးဖြစ်လို့ အရေပြားကျုံ့ဆန့်နိုင်စွမ်းပိုကောင်းစေပြီးအနာကျက်ခြင်းကိုမြန်ဆန်စေမယ့် ကော်လာဂျင်ဖြစ်တည်မှုကိုအားပေးပါတယ်။

သတိပြုသင့်တာလေးတွေက –
•    ကျောက်ကပ်နဲ့အသည်းမကောင်းသူတွေ၊ ရောဂါရှိသူတွေ၊ သွေးပေါင်ကျတတ်တဲ့သူတွေ များများမစားသင့်ပါဘူး။
•    အလွန်အကျွံစားသုံးရင် ဝမ်းချုပ်တာ၊ ကျောက်တည်တာတွေဖြစ်စေနိုင်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021