၀က်စ်ဟမ်းပွဲ ရာခိုင်နှုန်းပြည့်အာရုံစိုက်ကြရန် ကစားဖော်များအား ဒီဂီယာတိုက်တွန်း

၀က်စ်ဟမ်းပွဲ ရာခိုင်နှုန်းပြည့်အာရုံစိုက်ကြရန် ကစားဖော်များအား ဒီဂီယာတိုက်တွန်း

မန်ယူအဓိက ဂိုးသမားဒီဂီယာက ယနေ့ ကစားမည့် ဝက်စ်ဟမ်းနှင့်အဝေးကွင်းပွဲကို ၁၀ဝ ရာခိုင်နှုန်းအပြည့် အာရုံစိုက်ကစားရန် အသင်းဖော်များအား တိုက်တွန်းပြောကြားခဲ့ သည်။

မန်ယူသည် ယခုနှစ်ပရီးမီးယားလိဂ်

ငါးပွဲကစားပြီးချိန်တွင် နှစ်ပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲရှုံး ရဂိုးရှစ်ဂိုး လေးဂိုးပေးထားရသည်။ မန်ယူသည် ကြားရက်က အက်စ်တာနာအား တစ်ဂိုး ဂိုးမရှိ အနိုင်ရခဲ့၍ ၂၀၁၉ မတ်လ နောက်ပိုင်း ပထမဆုံးအကြိမ် နှစ်ပွဲဆက် ပြန်လည်အနိုင်ရခဲ့သည်။ မန်ယူသည် ယမန် နှစ်က အိမ်ကွင်းတွင် ဝက်စ်ဟမ်းအား နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း လန်ဒန်၌ သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

မန်ယူသည် အဝေးကွင်းရလဒ်ဆိုးနေပြီး ယမန်နှစ်က ပီအက်စ်ဂျီကို အနိုင်ရခဲ့ပြီးနောက် လက်ရှိအချိန်အထိ အဝေးကွင်းနိုင်ပွဲပျောက် ဆုံးလျက်ရှိသည်။ စပိန်ဂိုးသမား ဒီဂီယာသည် ယမန်နှစ်က ဝက်စ်ဟမ်းကွင်း၌ ရှုံးနိမ့်ခဲ့ရမှုကို ယခုတိုင် စိတ်ပျက်နေသူဖြစ်သည်။ နည်းပြ ပယ်လီဂရီနီလက်ထက် ဝက်စ်ဟမ်းသည် ရာသီအစ၌ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သော် လည်း လက်ရှိတွင် ရလဒ်ပြန်ကောင်းနေ၍ မန်ယူမှာ အဝေးကွင်း ပွဲကျပ်ကစားရမည် ဖြစ်သည်။

ဒီဂီဟာက "ဝက်စ်ဟမ်းအသင်းဟာ ကစား သမားကောင်းတွေနဲ့ဖွဲ့စည်းထားပြီး အသင်း ကောင်းဖြစ်တယ်ဆိုတာ ကျွန်တော်ယုံကြည် ပါတယ်။ သူတို့က လက်ရှိအချိန်မှာ အပေါ် ကပါ။ မနှစ်က သူတို့ကွင်းမှာ ကျွန်တော်တို့ ရလဒ်ဆိုးခဲ့ရပါတယ်။ ဒီနှစ် ရလဒ်ကောင်း အောင်လုပ်ပြရမယ်။ ကျွန်တော်တို့အသင်း ရှေ့ရောက်ဖို့ အဖိုးတန်အနိုင်သုံးမှတ်ဖြစ်နေပါ တယ်။ လူငယ်ကစားသမားတွေအတွက်လည်း ယုံကြည်မှုပိုရစေမယ်။

ခက်ခဲတဲ့ကွင်းမှာ သုံးမှတ်ရဖို့ ကျွန်တော်တို့ ၁၀ဝ ရာခိုင်နှုန်း အာရုံစိုက်ရမယ်။ ပရိသတ်တွေရဲ့အားပေးမှုက အရေးကြီးပါတယ်။ မန်ယူပရိသတ်တွေဟာ အဝေးကွင်းပွဲမှာ အံ့အားသင့်စရာအားပေးတော့ တစ်ခါတလေ ကိုယ့်ကွင်းလားလို့တောင် ထင်ရ တယ်"ဟု ဆိုခဲ့သည်။



ဖတ်ရှုမှုအများဆုံး