အစိုးရရုံးစိုက်သည့် နေပြည်တော်လုံခြုံရေး သတင်းပေါက်ကြားမှုကိစ္စမဖြစ်သင့်ဟု တပ်မတော်ဝေဖန်

အစိုးရရုံးစိုက်သည့် နေပြည်တော်လုံခြုံရေး သတင်းပေါက်ကြားမှုကိစ္စမဖြစ်သင့်ဟု တပ်မတော်ဝေဖန်

နေပြည်တော်တွင် ဗုံးဖောက်ခွဲမှုများပြုလုပ်မည်ဆိုသည့် ကနဦးသတင်းရရှိမှုကို နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာနများထံ ဖြန့်ဝေထားသည့်စာ လူမှုကွန်ရက်ပေါ်သို့ပေါက်ကြားလာသည့်ကိစ္စမျိုး မဖြစ်သင့်ကြောင်း တပ်မတော်က ဝေဖန်ပြောဆိုသည်။ "လုံခြုံရေးအတွက် အရေးကြီးတဲ့သတင်းတစ်ပုဒ်ကို အွန်လိုင်းပေါ်မှာပျံ့နှံ့တယ်ဆိုတာ လုံခြုံရေးအတွက်မကောင်းဘူး"ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၂ ရက်က ပြောဆိုခဲ့သည်။

ပေါက်ကြားလာသော သမ္မတရုံးညွှန်ကြားစာအရ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ထဆောင်ယန်းပြည်နယ် မယ်လ(ခ)ဘဲကလော့ ဒုက္ခသည်စခန်းအနီး မြောက်ပိုင်းစစ်ရေး မဟာမိတ်ပြုထားသည့် အေအေ၊ ကေအိုင်အေအဖွဲ့ဝင်များပါဝင်သည့် လူတစ်စုသည် သြဂုတ် ၃၀ ရက်က အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် နေပြည်တော် ကောင်စီ နယ်မြေ၌ ဗုံးဖောက်ခွဲမှုများပြုလုပ်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။

ဖော်ပြထား

မြောက်ပိုင်းအဖွဲ့များသည် နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၂၆ ရက်၊ အောက်တိုဘာ ၁၆ ရက်၊ အောက်တိုဘာ ၂၆ ရက်များအနက် တစ်ရက်ရက်၌ ဖောက်ခွဲရေး လုပ်ငန်းများလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ယင်းစာ၌ ဖော်ပြပါရှိသည်။

ထိုင်းနိုင်ငံအစည်းအဝေးတွင် ပါဝင်ခဲ့သည့် အဖွဲ့များအနက် အစိုးရ၊ တပ်မတော်တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားသည့် ကရင် အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦးတို့လည်း ပါဝင်ကြသည်။

အနှောင့်အယှက်

သို့သော်လည်း ယင်းအဖွဲ့အစည်းများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်လိမ့်မည်မဟုတ်ကြောင်း အစိုးရနှင့် တပ်မတော်တို့ဘက်က ယုံကြည်ထားသည်။

ယင်းကဲ့သို့ပေါက်ကြားမှုအပေါ် လုံခြုံရေးဆောင်ရွက်ရာ၌ အနှောင့်အယှက်ဖြစ်စေသည် ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မှတ် ချက်ပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး