သွေးပျစ်တဲ့ပြဿနာဘယ်သူတွေမှာပိုဖြစ်နိုင်လဲ

သွေးပျစ်တဲ့ပြဿနာဘယ်သူတွေမှာပိုဖြစ်နိုင်လဲ

သွေးပျစ်တဲ့ပြဿနာကိုအားလုံးကြားဖူးကြမှာပါ။ သူ့ဘာသာသူဆို ပြဿနာမဖြစ်တတ်ပေမယ့် ဒီလိုသွေးပျစ်တဲ့ပြဿနာခံစားနေရတဲ့သူတွေဟာနောက်ပိုင်း ကြာလာရင် သွေးကြော တွေထဲ သွေးခဲတဲ့ပြဿနာတွေဖြစ်၊ သွေးကြောတွေပိတ်သွားတတ်လို့ အသက်အန္တရယ်စိုးရိမ်ရတဲ့ အခြေအနေအထိရောက်သွားတတ်ပါတယ်။

ဒါ့ကြောင့် ဒီသွေးပျစ်တဲ့ ကိစ္စဟာလည်းပေါ့ဆလို့ မရတဲ့ ကျန်းမာရေးအခြေအနေတစ်ခုလို့ ပြောလို့ရပါတယ်။

လူတိုင်းမှာသွေးတွေရှိကြတာပဲ။ နောက်ပိုင်းအသက်တွေကြီးလာရင် ပျစ်လာမှာလား။

လူတိုင်းမှာသွေးရှိတယ်ဆိုပေမယ့် လူတိုင်း သွေးပျစ်တဲ့ပြဿနာကိုခံစားရမှာမဟုတ်ပါဘူး။ သွေးပျစ်တဲ့ ဝေဒနာကိုခံစားရဖို့ အလားအလာများတဲ့သူတွေ သပ်သပ်ရှိပါတယ်။ 

သူတို့တွေကတော့သွေးပျစ်တဲ့ ပြဿနာကို ဖြစ်ပေါ်စေတဲ ့အကြောင်းအရင်းတွေကတော့မိဘမျိုးရိုးမိသားစုထဲသွေးပျစ်တဲ ့မျိုးရိုးရှိရင် ကိုယ့်မှာလည်းသွေးပျစ်နိ်ုင်ဖို့  အလားအလာတွေများတတ်ပါတယ်။

Polycythemia vera (PV) သွေးကင်ဆာ

Polycythemia vera (PV) လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေသွေးဆဲလ်တွေ အများကြီးထုတ်လုပ်တဲ့ ကင်ဆာတစ်ခုဟာ သွေးပျစ်ခြင်းကိုဖြစ်စေရတဲ့ အဓိကအကြောင်းအရင်းတစ်ခုပါ။ ဒီလို PV ဝေဒနာခံစားနေရတဲ့ လူတွေမှာရိုးတွင်းခြင်ဆီကနေသွေးနီဥ၊ သွေးဖြူဥ၊ သွေးတိတ်ဆဲလ်( platelets) တွေ အများကြီးထုတ်လိုက်တာကြောင့် သွေးပျစ်သွားရတာဖြစ်ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေကပိုဖြစ်နိုင်ပါတယ်။

Waldenstrommacroglobulinemia – သွေးဖြူဥကင်ဆာ

Waldenstrommacroglobulinemiaဆိုတာသွေးဖြူဥကင်ဆာတစ်မျိုးဖြစ်တဲ့ ရှားပါး non-Hodgkin lymphoma တစ်မျိုးဖြစ်ပြီးပုံမှန်မဟုတ်တဲ့ macroglobulin ပရိုတင်းတွေ သွေးထဲများနေတာကြောင့် သွေးပျစ်စေပြီး သွေးခဲခြင်းပြဿနာတွေကိုဖြစ်စေတတ်ပါတယ်။

SLE အရေပြားလေးဘက်နာနဲ့ lupus ရောဂါ

ခုခံအားကနေကိုယ့်ရဲ့ဆဲလ်တွေကိုပြန်တိုက်တဲ့ အရေပြားလေးဘက်နာလို့ လူသိများကြတဲ့ SLE နဲ့ Lupus ရောဂါတို့မှာ autoimmune inflammation လို့ခေါ်တဲ့ ခုခံအားကပြန်တိုက်လို့ ရောင်ရမ်းတဲ့ပြဿနာကြောင့် Procoagulantsသွေးပျစ်ပစ္စည်းတွေ အများကြီးထွက်လာတတ်ပါတယ်။ ဒီProcoagulantsတွေများများထွက်လေသွေးများများပျစ်လေပါပဲ။

Factor V Leiden – သွေးခဲစေမယ့် factor V ပုံမှန် မဟုတ်တဲ့ပြဿနာ

ထိခိုက်ဒဏ်ရာတစ်ခုခုရလို့ သွေးထွက်တဲ့အခါ သွေးတိတ် စေဖို ့ကိုယ်တွင်းစနစ်ကအလုပ်လုပ်ရပါတယ်။ ဒီထဲမှာ factor V လည်းတစ်ခုအပါအဝင်ပါ။ ဒီ factor V နည်းတဲ့အခါ သွေးမတိတ်တဲ့ပြဿနာတွေဖြစ်သွားတတ်ပြီးပုံမှန် မဟုတ်တဲ့အခါမျိုးတွေမှာတော့ သွေးပျစ်တဲ့ပြဿနာတွေဖြစ်စေပြီးအတွင်းပိ်ုင်းသွေးကြောတွေမှာသွေးခဲတဲ့ ပြဿနာတွေဖြစ်သွားနိုင်ပါတယ်။

protein C  protein S နည်းနေတဲ့ပြဿနာ

မျိုးရိုးဗီဇပြဿနာတစ်ခုဖြစ်တဲ့ protein C  နဲ့ protein S နည်းနေတဲ့ပြဿနာမှာသွေးခဲတွေ ပိုဖြစ်နိ်ုင်တတ်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့ သွေးပျစ်တဲ့ပြဿနာခံစားရတတ်ပါတယ်။

Prothrombin Gene 20210A mutation

မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတစ်ခုကြောင့် သွေးခဲ စေတဲ့ ပရိုတင်း prothrombin မှာ ပြဿနာရှိနေတဲ့အခါမှာသွေးပျစ်တာသွေးခဲတာစတဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021