၁၀ ဦးတည်းဖြင့်အနိုင်ရခဲ့မှု အသင်းစိတ်ဓာတ် နည်းပြအမ်မရီချီးကျူး

၁၀ ဦးတည်းဖြင့်အနိုင်ရခဲ့မှု အသင်းစိတ်ဓာတ် နည်းပြအမ်မရီချီးကျူး

အာဆင်နယ်အသင်းသည် စက်တင်ဘာ ၂၂ ရက်က အိမ်ကွင်းတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် တန်းတက်ဗီလာနှင့် ကစားခဲ့ ရာ ပထမပိုင်း၌ပင် မိတ်လန်းနိုင်း နှစ်ဝါ၊ တစ် နီဖြင့် ထုတ်ပယ်ခံရ၍ ကစားသမားတစ် ယောက်လျော့ခဲ့သော်လည်း သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရအောင် ကစားနိုင်ခဲ့သည်။

အာဆင် နယ်နည်းပြ အမ်မရီသည် တိုက်စစ်တွင် အော် ဘာမီယန်ကို အထောင်ထားခဲ့ပြီး ကွင်းလယ် တွင် ဆီဘယ်လော့စ်၊ ဆာကာ၊ ပီပီ၊ ဇာကာ နှင့် ဂွမ်ဒိုဇီတို့ကို အသုံးပြုခဲ့သည်။ ဗီလာသည် ပွဲချိန်မိနစ် ၂၀ တွင် ဦးဆောင်ဂိုးရခဲ့ပြီး မက် ဂင်းက သွင်းယူခဲ့သည်။ အာဆင်နယ်သည် ၅၉ မိနစ်တွင် ပင်နယ်တီရခဲ့ရာ တောင်ပံတိုက် စစ်မှူး ပီပီက သွင်းယူခဲ့သည်။ ဗီလာသည် မိနစ် ၆၀ ၌ ဒုတိယဦးဆောင်ဂိုးရခဲ့ရာ ဝက် စလေက ဂိုးသွင်းပေးခဲ့သည်။

အာဆင်နယ်သည် ၁၀ ယောက်တည်းဖြင့် ကစားခဲ့ရသော်လည်း အကောင်းဆုံးစိတ်ဓာတ် ပြသနိုင်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်တွင် ဒုတိယချေပ ဂိုးရခဲ့ရာ ချန်ဘာကသွင်းယူခဲ့သည်။ အကြိတ် အနယ်ကစားရင်း အာဆင်နယ်သည် ၈၄ မိနစ်တွင် အဖိုးတန်အနိုင်ဂိုးရခဲ့ပြီး အော်ဘာမီ ယန်က ဖရီးကစ်မှတစ်ဆင့် သွင်းယူခဲ့သည်။

ကစားသမားတစ်ယောက်လျော့ဖြင့် အနိုင်  ရအောင် ကစားနိုင်ခဲ့၍ အသင်းစိတ်ဓာတ်ကို နည်းပြအမ်မရီက သဘောကျနေသည်။

အမ် မရီက "မိနစ် ၉၀ အတွင်း အဖြစ်အပျက်တွေ က များတယ်။ ကစားသမားတစ်ယောက်အထုတ် မခံရခင် ၁၁ ယောက်ချင်းကစားခဲ့ရာမှာ ကျွန် တော်တို့လိုချင်တဲ့ပုံစံအတိုင်း ပွဲကိုမထိန်းချုပ် နိုင်ခဲ့ဘူး။ ကွင်းလယ်မှာ ဘောလုံးဆုံးရှုံးမှုများ ခဲ့ပါတယ်။ တိုက်စစ်ကစားတဲ့အခါကျတော့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာ ဦးနှောက်နဲ့ရော နှလုံးသားနဲ့ပါ ကစား ဖို့လိုအပ်လာတယ်။ ပရိသတ်တွေက တွန်းအား ပေးခဲ့တယ်။ အသင်းရဲ့စိတ်ဓာတ်ကတော့ အံ့ မခန်းပါပဲ"ဟု ပွဲအပြီး၌ ပြောဆိုခဲ့သည်။

အဖိုးတန်နိုင်ပွဲရခဲ့သော အာဆင်နယ် အသင်းသည် လာမည့်အောက်တိုဘာ ၁ ရက် တွင် ပရီးမီးယားလိဂ်ပွဲစဉ် ၇ အဖြစ် မန်ယူ ကွင်းသွားကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး