စမ်းချောင်းမြို့နယ်ရှိ လမ်းတံတားဌာန စည်ပင်ရုံးဝင်းအတွင်း အိမ်ထောင်သည်အမျိုးသမီး တစ်ဦး အဓမ္မပြုကျင့်ခံရမှု စက်တင်ဘာ ၂၃ ရက်တွင် ဖြစ်ပွားခဲ့သည်။
စမ်းချောင်းမြို့နယ် ကျွန်းတောရပ်ကွက်နေ အဓမ္မပြုကျင့်ခံရသူ အသက် ၁၈ နှစ်အရွယ် နေ့စားဝန်ထမ်း(စည်ပင်လမ်းတံတားဌာန)က အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့ ယင်းနေ့ ည ၁၀ နာရီခန့်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ အဓမ္မပြုကျင့်ခံရသူ၏ ခင်ပွန်းဖြစ်သူအပါအဝင် ငါးဦးတို့က ပတ်ကင်းထွက်နေစဉ် အဓမ္မပြုကျင့်ခံရသူက ခြင်ထောင်အတွင်း တုံးလုံးလှဲနေခဲ့သည်။
ထိုသို့ တုံးလုံးလှဲနေစဉ် ည ၁၁ နာရီ ၁၅ မိနစ်တွင် ၎င်း၏ခင်ပွန်းနှင့်အတူ ပတ်ကင်းထွက်သွားရာ၌ ပါဝင်ခဲ့သည့် အလုပ်သမားခေါင်းဆောင် ယာယီနေ့စားဝန်ထမ်း ရဲဇော်အောင်(ခ)ဘုတ်ကြီး (၂၉ နှစ်) ရောက်လာပြီး ချစ်ကြိုက်ကြောင်း ပြောဆိုကာ
အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည်။
၁၀ မိနစ်ခန့်အကြာတွင် ခင်ပွန်းဖြစ်သူ ပြန်ရောက်လာပြီး အဓမ္မပြုကျင့်ခဲ့သူနှင့် အပြန်အလှန်စကားများ ရန်ဖြစ်ထိုးကြိတ်နေစဉ် အဓမ္မပြုကျင့်ခံရသူမိန်းကလေးက အော်ဟစ်အကူအညီတောင်းသဖြင့် ရုံးအတွင်းနေထိုင်သူများရောက်လာပြီး အကျိုး အကြောင်း ရှင်းပြကာ သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
စမ်းချောင်းမြို့မရဲစခန်းက(ပ)၈၀ဝ/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ကျူးလွန်သူကို ဖမ်းဆီးအရေးယူထားသည်။
















