အကောင်းဆုံးခြေစွမ်းကို လီဗာပူး ဆက်ထိန်းနိုင်မလား

အကောင်းဆုံးခြေစွမ်းကို လီဗာပူး ဆက်ထိန်းနိုင်မလား

ရှက်ဖီးယူနိုက်တက် − လီဗာပူး

စနေ၊ ညနေ ၆းဝဝ

လီဗာပူးကတော့ ချန်ပီယံခြေစွမ်းပိုင်ဆိုင်ကြောင်းကို ခြောက်ပွဲဆက်တိုက်အနိုင်ကစားခြင်းနဲ့ ပြသနေပါတယ်။ ရှက်ဖီးယူနိုက်တက်လည်း တန်းတက်အသင်းလေးဆိုပေမဲ့ အသင်းလိုက်ကစားအား တော်တော်ကောင်းနေပါတယ်။ အိမ်ကွင်းမှာတော့ လက်စတာနဲ့ဆောက်သမ်တန်ကို ရှုံးထားပါတယ်။ ရှက်ဖီးဟာ ခံစစ်ကောင်းတဲ့အသင်းဖြစ်ပါတယ်။ ရစ်သမ်အလွန်ကောင်းနေတဲ့ လီဗာပူးဟာ ရှက်ဖီးကို ဂိုးပြတ်အနိုင်ရ ဖို့မလွယ်ပါဘူး။

ဗီလာ − ဘန်လေ

စနေ၊ ည ၈း၃ဝ

ဗီလာဟာ ခြောက်ပွဲကစားအပြီးမှာ တစ်ပွဲသာ အနိုင်ရပါသေးတယ်။ တိုက်စစ်ဦးစားပေးကစားပေမဲ့ ခံစစ်က တော်တော်အားနည်းတဲ့အသင်းဖြစ်ပါတယ်။ ဗီလာဟာဂိုးသွင်းအားရှိတာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ ဘန်လေက အဝေးကွင်းမှာ နိုင်ပွဲမရသေးပါဘူး။ အဝေးကွင်းမှာ တစ်ဂိုးနှုန်းသွင်းနေပါတယ်။ ဗီလာဟာ အမှတ်လိုအပ်နေပြီဖြစ်လို့ ကစားအားတင်လာပါလိမ့်မယ်။ ဘန်လေ ရုန်းကန်ရပါတော့မယ်။ ဗီလာကိုကြိုက်ပါတယ်။

ဘုန်းမောက် − ဝက်စ်ဟမ်း

စနေ၊ ည ၈း၃ဝ

ဘုန်းမောက်က နှစ်ပွဲဆက်တိုက် နိုင်ပွဲရနေပြီး ဂိုးသွင်းအားလည်းကောင်းနေပါတယ်။ ဝက်စ်ဟမ်းကလည်း မန်စီးတီးကို ရှုံးပြီးနောက်မှာ ငါးပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားပါတယ်။ အခုပွဲက တိုက်စစ်အားကောင်းတဲ့နှစ်သင်း တွေ့နေတဲ့ပွဲဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ခံစစ်ပိုငြိမ်တဲ့အသင်းဖြစ်ပါတယ်။ အခုပွဲဟာ သရေနဲ့ပြီးသွားနိုင်လို့ဂိုးပေါင်းအောက်ကို ကြိုက်ပါတယ်။

ပဲလေ့စ် − နော်ဝစ်ချ်

စနေ၊ ည ၈း၃ဝ

ခရစ္စတယ်ပဲလေ့စ်ဟာ နောက်ဆုံး နှစ်ပွဲနိုင်ပွဲပျောက်နေပါတယ်။ ဂိုးသွင်းအား မကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။နော်ဝစ်ချ်ကလည်း အဝေးကွင်းပွဲတွေ ဆက်တိုက်ရှုံးနေပါတယ်။ အဝေးကွင်းမှာ တစ်ဂိုးသာသွင်းနိုင်ပါသေးတယ်။ နော်ဝစ်ချ်ကို ပဲလေ့စ်နိုင်မယ်ထင်ရပေမဲ့ ဒီပွဲဟာသရေနဲ့ ပြီးသွားနိုင်ပါတယ်။ ဒါကြောင့်နောဝစ်ချ်ကို ကြိုက်ပါတယ်။

ချယ်လ်ဆီး − ဘရိုက်တန်

စနေ၊ ည ၈း၃ဝ

ချယ်လ်ဆီးဟာ လီဗာပူးကို ရှုံးနိမ့်သွားပါတယ်။ ချယ်လ်ဆီးတိုက်စစ်အားကောင်းတဲ့အသင်း ဖြစ်ပါတယ်။ ဘရိုက်တန်က ငါးပွဲဆက်တိုက် နိုင်ပွဲပျောက်နေတဲ့အသင်းဖြစ်ပါတယ်။ ဂိုးတစ်ဂိုးရဖို့ တော်တော်ရုန်းကန် ကစားနေရပါတယ်။ ချယ်လ်ဆီးကွင်းမှာ ဘရိုက်တန် ဂိုးသွင်းနိုင်ဖို့ မလွယ်ပါဘူး။ ချယ်လ်ဆီးအနိုင်က ပြတ်သားပါလိမ့်မယ်။

စပါး − ဆောက်သမ်တန်

စနေ၊ ည ၈း၃ဝ

တော့တင်ဟမ်ဟော့စပါးဟာ မနှစ်ကလိုခြေမှန်တဲ့အသင်း မဟုတ်ပါဘူး။ ခံစစ်ကတော်တော်အားနည်းတဲ့အသင်း ဖြစ်ပါတယ်။ ဆောက်သမ်တန်ကလည်း နောက်ဆုံးပွဲမှာ ရှုံးနိမ့်ထားပါတယ်။ အခုပွဲက တော့တင်ဟမ်အနိုင်ရမယ့်ပွဲလို့ ထင်ရပေမဲ့ ဆောက်သမ်တန် ဂိုးသွင်းနိုင်တဲ့ အချက်တစ်ချက်ရှိလို့ တော့တင်ဟမ်ရဲ့ အနိုင်ဟာ မပြတ်သားနိုင်ပါဘူး။

အဲဗာတန် − မန်စီးတီး

စနေ၊ ည ၁၁းဝဝ

အဲဗာတန်ကတော့ နှစ်ပွဲဆက်တိုက်ရှုံးထားပါတယ်။ အိမ်ကွင်းမှာ ရှက်ဖီးယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ကစားသမားပွဲထုတ်ပုံ မတည်ငြိမ်တဲ့အသင်းဖြစ်ပါတယ်။ အခုမန်စီးတီးနဲ့တွေ့လို့ အဲဗာတန် မလွယ်တဲ့ပွဲဖြစ်ပါတယ်။ မန်စီးတီးဟာ ဝက်ဖို့ဒ်ပွဲနဲ့ ယုံကြည်မှု ပြည့်ဝနေပါတယ်။ အဲဗာတန်ကွင်းမှာ မန်စီးတီးရဲ့အနိုင်က ပြတ်သားပါဦးမယ်။

ဝုဗ် − ဝက်ဖို့ဒ်

စနေ၊ ည ၈း၃ဝ

ဝုဗ်ဗာဟန်တန်ဟာ အခုထိ နိုင်ပွဲမရသေးတဲ့အသင်းဖြစ်ပါတယ်။ တန်းဆင်းဇုန်မှာရောက်နေပါတယ်။ ဝက်ဖို့ဒ်လည်း နိုင်ပွဲမရသေးပါဘူး။ နည်းပြသစ်လက်ထက်မှာ ဝက်ဖို့ဒ်ဟာ နှစ်ပွဲကစား ၁ဝ ဂိုးအသွင်းခံထားရပါတယ်။ အခု ဝုဗ်ဗာဟန်တန်ကွင်းမှာလည်း ဝက်ဖို့ဒ်ရုန်းကန်ရပါလိမ့်မယ်။ ဝုဗ်ဗာဟန်တန်နိုင်ပွဲ စတင်တွေ့လာမယ့်ပွဲဖြစ်ပါတယ်။

လက်စတာ − နယူးကာဆယ် 

တနင်္ဂနွေ၊ ည ၁ဝးဝဝ

လက်စတာကတော့ မန်ယူကို ရှုံးပေမဲ့တော့တင်ဟမ်ကိုအနိုင်၊ ချယ်လ်ဆီးကို သရေကစားထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။အသင်းလိုက် ကစားအားကောင်းတဲ့အသင်းဖြစ်ပါတယ်။ နယူးကာဆယ်ဟာ လက်စတာကိုခံစစ်ဦးစားပေး ကစားမယ်မထင်ပါဘူး။ နောက်ဆုံး သုံးပွဲနိုင်မှာ နိုင်ပွဲပျောက်နေပြီး အခုပွဲမှာလည်း နယူးကာဆယ် ရှုံးပွဲတွေ့သွားပါလိမ့်မယ်။

မန်ယူ − အာဆင်နယ်

အင်္ဂါ၊ နံနက် ၁း၃ဝ

ဒီတစ်ပတ်ရဲ့ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်ပါတယ်။ မန်ယူက ဂိုးတစ်ဂိုးရဖို့ ရုန်းကန်နေရတဲ့အသင်း၊ အာဆင်နယ်က ခံစစ်တော်တော်ညံ့တဲ့အသင်း တွေ့နေကြတာဖြစ်ပါတယ်။ အခုပွဲမှာ မန်ယူ ပင်နယ်တီရလာနိုင်တဲ့ပွဲဖြစ်သလို အာဆင်နယ်ဟာ မန်ယူနောက်တန်းကို ကျော်ဖြတ်နိုင်မယ့်ပွဲဖြစ်ပါတယ်။ နှစ်ဖက် ဂိုးတွေသွင်းမယ့်ပွဲဖြစ်လို့ ဒီပွဲက ဂိုးများမှာသေချာတဲ့ပွဲ ဖြစ်ပါတယ်။



ဖတ်ရှုမှုအများဆုံး