အာဆင်နယ်နည်းပြဟောင်း တစ်ဦးဖြစ်သည့်အာစင်ဝင်းဂါးက မန်ယူအသင်းအား နည်းပြရန်စိတ် ဝင်စားကြောင်းကို မီဒီယာ တစ်ခုနှင့်တွေ့ဆုံရာ၌ အရိပ်အမြွက်ပြောဆိုခဲ့သည်။
အသက် ၆၉နှစ်အရွယ်နည်းပြ အာစင်ဝင်းဂါးသည် ဆာအဲလက်ဖာဂူဆန်ပြီးနောက်ပရီးမီးယားလိဂ် သက်တော်ရှည်နည်းပြ တစ်ဦးဖြစ်ပြီး အာဆင်နယ် အသင်းခေတ်တစ်ခေတ်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။
ဝင်းဂါးသည် နှစ်ပေါင်းများစွာ နည်းပြလာခဲ့သောအာဆင်နယ်အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက်အသင်း လက်မဲ့ဖြစ်နေသည်။
ရုန်းကန်နေရ
မန်ယူဂန္ထဝင်နည်းပြဟောင်းဆာအဲလက်ဖာဂူဆန်နောက်ပိုင်း မန်ယူအသင်းမှာ နည်းပြများတစ်ဦးချင်းစီပြောင်းလဲကာ ပြိုင်ပွဲဝင်နေရာ အောင် မြင်မှုများ ပြန်လည်ရရှိရန်အခက်အခဲများရင်ဆိုင်နေရသည်။ မန်ယူသည်နည်းပြဆိုးလ်ရှားကိုအမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ပြီးနောက် ပြိုင်ပွဲဝင်နေ ရာတွင်လည်း ရလဒ်များ ယိမ်းယိုင်ကာ ပွဲဆက်ခြေမှန်ရန်ုရုန်းကန်နေရသည်။
မန်ယူသည်ယခုနှစ် ပရီးမီးယားလိဂ် ၆ ပွဲကစားထားရာ ၂ပွဲသာအနိုင်ရပြီး ကာရာဘောင်းဖလား တတိယအဆင့်၌လည်းအသင်း ငယ်ရော့ချ်ဒေးကို ပင်နယ်တီရောက်မှသာ အနိုင်ရခဲ့သည်။
ကစားသမားလိုအပ်
မန်ယူသည်ရာသီအစမှာပင် ရလဒ်ဆိုးနေ၍ နည်းပြဆိုးလ်ရှား၏ အနာဂတ်မှာ မေးခွန်းထုတ်စရာဖြစ်လာသည်။
အာစင်ဝင်းဂါးက "မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ခွင့်မှာက နည်းပြတိုင်းအတွက် အိပ်မက်အလုပ် တစ်ခုဖြစ်ပါတယ်။နည်းပြခွင့် ရလာပြီဆိုရင် အာ့ဒီနည်းပြက အနည်းဆုံးတော့ သတ္တိရှိရမယ် ယုံကြည်မှုရှိရမယ်။ သူတို့အသင်းဟာပထမကစားသမား ၄ဦးလောက် လိုနေပါသေးတယ်။ အခုမန်ယူက လူတွေထင်သလိုမန်ယူမဟုတ်ဘူး။ အခုမန်ယူက အကောင်းဆုံး မကစားနိုင်ဘူး။ဖိအား ပေးကစားတာလည်း မလုပ်နို်င်ဘူး"ဟု beINSports သို့ပြောဆိုခဲ့သည်။















