ယူနီယံဘာလင် − ဖရန့်ဖတ်
စနေ၊ နံနက် ၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ယူနီယံဘာလင် ဝ-၄ ဖရန့်ဖတ်
ယူနီယံဘာလင်က သူ့ကွင်းမှာ ဒေါ့မွန်လို အသင်းမျိုးက အနိုင်ကစားထားတာကို မေ့ထားလို့မရပါဘူး။ အိမ်ကွင်းဆိုရင် မာမာထန်ထန် ကစားတတ်တာကို ဒီပွဲမှာ ဖရန့်ဖတ်တို့ သတိထားရမှာပါ။ ဖရန့်ဖတ်ကလည်း အဝေးကွင်းအားပျော့တာနဲ့တော့ အခုပွဲခက်ခဲနိုင်ပါတယ်။ အိမ်ရှင်ကို ကြိုက်ပါတယ်။
လိုက်ပဇစ် − ရှော်လ်ကေး
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ရှော်လ်ကေး ဝ-၁ လိုက်ပဇစ်
လက်ရှိအချိန်မှာ လိုက်ပဇစ်ရဲ့ခြေစွမ်းက ဘွန်ဒက်စ်လီဂါအသင်းကြီးတွေထက်ကို ပိုမှန်နေပါတယ်။ ငါးပွဲကစားပြီးချိန်မှာ လေးပွဲနိုင်၊ တစ်ပွဲသရေကျထားပါတယ်။ ရှော်လ်ကေးက ညံ့တဲ့အသင်းမဟုတ်ပေမဲ့ လိုက်ပဇစ်ရဲ့ ကစားအားကိုတော့ လိုက်မမီနိုင်ပါဘူး။ လိုက်ပဇစ်ပဲ စားသွားဦးမှာပါ။
ဟော့ဖန်ဟိမ်း − မွန်ချင်ဂလက်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ မိုချင် ၂-၂ ဟော့ဖန်ဟိမ်း
ဟော့ဖန်ဟိမ်းက အရင်လို ခြေစွမ်းသိပ်မစွာတော့ပါဘူး။ အလယ်အလတ်အဆင့်မှာပဲ ရှိနေတဲ့အသင်းပါ။ လက်ရှိအချိန်မှာတော့ မွန်ချင်က နည်းနည်းမာနေပါတယ်။ တစ်ခုသတိထားရမှာက အခုပွဲက ဟော့ဖန်ဟိမ်းအိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အိမ်ရှင်ဖိအားကိုတော့ မွန်ချင်တို့ ခံရနိုင်ပါတယ်။ သရေတစ်မှတ်ရရင် မွန်ချင်တို့ ကျေနပ်သင့်တဲ့ပွဲပါ။
မိန့်ဇ် − ဝုဖ်ဘတ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝုဖ်ဘတ် ၃-ဝ မိန့်ဇ်
ဒီနှစ်မှာ မိန့်ဇ်ရဲ့ အခြေအနေက မကောင်းလှပါဘူး။ ငါးပွဲကစားပြီးချိန်မှာ လေးပွဲရှုံးထားပြီး တစ်ပွဲသာ အနိုင်ရထားပါတယ်။ မိန့်ဇ်တို့ ရလဒ်ကောင်းကြိုးစားနေပေမဲ့ သူ့ထက်အားကြီးတဲ့အသင်းတွေနဲ့ပဲတွေ့နေလို့ ရလဒ်ဆိုးနေတာပါ။ အခုရင်ဆိုင်ရမယ့် ဝုဖ်ဘတ်ကလည်း အလယ်အလတ်အဆင့်ရှိတဲ့အသင်းပါ။ ဒါကြောင့် မိန့်ဇ်အနေနဲ့ အမြင့်ဆုံး သရေတစ်မှတ်သာ မျှော်လင့်သင့်ပါတယ်။
အော့စ်ဘတ် − လေဗာကူဆင်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ အော့စ်ဘတ် ၁-၄ လေဗာကူဆင်
အော့စ်ဘတ်က အိမ်ကွင်းဆိုရင် ပိုအားထည့်ပြီး ကစားတတ်တဲ့အသင်းပါ။ လေဗာကူဆင်က အဝေးကွင်းဆို အနည်းငယ်အားပျော့တတ်ပါတယ်။ ဒေါ့မွန်နဲ့ အဝေးကွင်းပွဲစဉ်မှာ ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။ ဒါကြောင့် အော့စ်ဘတ်ကွင်းမှာ လေဗာကူဆင် ထင်တိုင်းမပေါက်နိုင်ပါဘူး။။ အိမ်ရှင်ဘက်က ရပ်တည်သင့်တဲ့ပွဲပါ။
ပက်ဒါဘွန်း − ဘိုင်ယန်မြူးနစ်
စနေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ပက်ဒါဘွန်း ဝ-၆ ဘိုင်ယန်မြူးနစ်
ဒီနှစ်သင်းတွေ့ဆုံမှုတိုင်း ဘိုင်ယန်ကပဲဂိုးပြတ်အနိုင်ရခဲ့တာပါ။ အခုအချိန်မှာလည်း နှစ်သင်းရဲ့ အနေအထားက ကွာဟနေတုန်းပါ။ ဒီလိုကွာဟမှုက ဒီပွဲမှာ ထွက်လာမယ့်အဖြေတစ်ခုကို သေချာပေါက်နီးပါး ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဘိုင်ယန်တို့ သွင်းဂိုးများမယ်ထင်တယ်။
ဒေါ့မွန် − ဝါဒါဘရီမင်
စနေ၊ ည ၁၁းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဝါဒါဘရီမင် ၂-၂ -ဒေါ့မွန်
ဒေါ့မွန်က လေဗာကူဆင်လို အသင်းမျိုးကိုတောင် အိမ်ကွင်းမှာ ဂိုးပြတ်နဲ့ နှိပ်ကွပ်လာတဲ့အသင်းပါ။ ဒါပေမဲ့ အခုပွဲပြီးရင် ချန်ပီယံလိဂ် အဝေးကွင်းပွဲကစားဖို့ ရှိနေတာကိုတော့ သတိထားရမှာပါ။ ဝါဒါကအဝေးကွင်းအားနည်းတဲ့ အသင်းဖြစ်တာကြောင့် ဒေါ့မွန်တို့ လိုအပ်တဲ့ ဂိုးအရေအတွက် မရခဲ့ဘူးဆိုရင်တောင် အနိုင်ရလဒ်က သေချာမှာပါ။
ဒူဆယ်ဒေါ့ဖ် − ဖရိုင်းဘတ်
တနင်္ဂနွေ၊ ည ၈းဝဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဖရိုင်းဘတ် ၁-၁ ဒူဆယ်ဒေါ့ဖ်
ဒူဆယ်ဒေါ့ဖ်ရဲ့ ခြေစွမ်းက အသင်းကြီးတွေကို ခံကစားနိုင်တဲ့ အနေအထားမှာ မရှိသေးပါဘူး။ ဒါကြောင့်အခုဖရိုင်းဘတ်နဲ့ ပွဲမှာလည်း အိမ်ကွင်းဖြစ်ပေမဲ့ ရလဒ်ကောင်းရဖို့ မမျှော်လင့်နိုင်တဲ့ အခြေအနေပါ။ ဖရိုင်းဘတ်က ပုံမှန်ခြေစွမ်းရှိတဲ့အသင်းဖြစ်တာကြောင့် ဒူဆယ်ဒေါ့ဖ်လို အသင်းမျိုးကို အဝေးကွင်းမှာ ကောင်းကောင်းကစားနိုင်မှာပါ။ ဖရိုင်းဘတ်ကို ကြိုက်တယ်။
ကိုလုံး − ဟာသာဘာလင်
တနင်္ဂနွေ၊ ည ၁ဝး၃ဝ
နောက်ဆုံးတွေ့ဆုံမှု၊ ဟာသာဘာလင် ၂-၁ ကိုလုံး
အမှတ်ပေးဇယား အောက်ခြေနားမှာအထက်အောက် ရပ်တည်နေတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုပါ။ ကစားပြီးတဲ့ပွဲတွေမှာ ကိုယ့်ထက်သာတဲ့အသင်းတွေနဲ့ တွေ့ဆုံခဲ့ရလို့ ရလဒ်တွေဆိုးခဲ့ကြတဲ့ အသင်းနှစ်သင်းရဲ့ ခြေစွမ်းကို မြည်းစမ်းခွင့်ရမှာပါ။ ဒီလိုအခြေအနေမျိုးမှာ အိမ်ရှင်အသင်းကိုပဲ အားပေးသင့်ပါတယ်။















