ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာဒါတွေကြောင့်ပါ

ခရီးသွားရင် နောက်ဆုံးခုံမှာထိုင်ရတဲ့အခါ ပိုမူးတတ်တာဒါတွေကြောင့်ပါ

ခရီးသွားခါနီးကားလက်မှတ်သွားဝယ်တဲ့အခါ နောက်ဆုံးခုံပဲရတော့တယ်ဆိုရင် လူတိုင်းစိတ်ညစ်ကြပါတယ်။ နောက်ဆုံးခုံကြီးကလည်းဖြစ်၊  ခုံတန်းကရှည်၊ လူကလည်း ၅ ယောက်လောက်ပူးထိုင်ရဆိုတော့ ကျဉ်းကျပ်တာပေါ့။

ကားမူးတဲ့သူတွေဆိုနောက်ဆုံးခုံမှာထိုင်စီးရမှာအသေကြောက်။ နဂိုအေးအေး နှစ်ယောက်တွဲခုံတွေထိုင်တာတောင် ကိုယ့်မှာမရှုနိုင် မကယ်နိုင်ဖြစ်နေတာနောက်ဆုံးခုံမှာသာထိုင်စီးလိုက်လို့ကတော့ ဘာပြောကောင်းမလဲ။တစ်လမ်းလုံးအမူးကမ္ဘာထဲကထွက်တော့မှာကိုမဟုတ်ဘူး။

ဘာကြောင့်လဲ ။ အခြားခုံတွေထက် ကားနောက်ဆုံးတန်းကထိုင်ခုံကဘာကြောင့် ကားပိုမူးစေရတာလဲ။
•    ကားအင်ဂျင်တုံးကြီးကကိုယ့်အောက်မှာပါ။ – အင်ဂျင်ခန်းဆိုတော့ အပူတွေထွက်မှာကျိန်းသေနေတယ်လေ။ အဲဒီပူနေတဲ့အပေါ်မှာကိုယ်ကထိုင်နေတာဆိုတော့ အပူဟပ်ပြီးသက်တောင့်သက်သာမရှိလိုက်မယ့်ဖြစ်ခြင်း။

•    စိတ်ကျဉ်းကျပ်တယ် – ကားထွက်ပေါက်တော်တော်များများကဟိုးထိပ်ဆုံးမှာလေ။ ကိုယ်စီးနေတဲ့ နေရာကကားရဲ့ နောက်ဆုံးတန်းဆိုတော့ ထွက်ပေါက်နဲ့အဝေးကြီး၊ ဒီကြားထဲ အမူးပြေ အောင် ရှေ့ကိုကြည်လိုက်ရင် လူတန်းကြီးကိုပဲ မြင်နေရတဲ့အပြင် နောက်ဆုံးခုံဆိုတော့ ၅ယောက်လောက် ပေါင်းထိုင်လိုက်ရသေးတယ်။ ဒီတော့ ကျပ်ညက် စိတ်အိုက်ပြီးကားပိုမူးတော့တာပေါ့။

•    ကားဘီးအပေါ်တည့်တည့်မှာရောက်နေတယ်- လမ်းသွားလို့ ကားကချိုင့်ထဲများမကျလိုက်နဲ့။ ကိုယ်ထိုင်နေတဲ့ နောက်ဆုံးခုံကကားဘီးအပေါ်တည့်တည့်မှာဆိုတော့ လမ်းမညီတဲ့အခါ ချိုင့်ထဲကျသွားတဲ့အခါမှာဘာပြောကောင်းမလဲ။ ကားမူးလို့ ငြိမ်ငြိမ်လေးနေဖို့ နေနေသာသာလူကတစ်ချက်တစ်ချက် မြောက်မြောက်သွားလို့ ပျို့ချင် အန်ချင်တဲ့စိတ်ကိုပိုဆွပေးသလိုဖြစ်နေတော့တာပေါ့ ။အဲဒီအချိန် အစာပြည့်အောင်စားထားလို့ကတော့ ခုန်တဲ့အရှိန် မူးတဲ့အရှိန်နဲ့ အကုန်ပြန်ထွက်မှာအသေအချာပဲ။

•    ကားနောက်ပိုင်းကပိုခါနေတတ်ပါတယ်။ – လမ်းသွားတဲ့အခါ ကားရှေ့ပိုင်းဦးဆောင်တဲ့နောက်ကိုကားနောက်ပိုင်းကလိုက်ရတာဖြစ်တဲ့အတွက် ရှေ့ပိုင်းကဝှေ့လိုက် စောင်းလိုက် ကွေ့လိုက် ကောက်လိုက် လုပ်လိုက်တဲ့အခါ ကားနောက်ပိုင်းခါယမ်းနေတတ်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးတန်းမှာစီးနေတဲ့ ကားမူးတတ်တဲ့ကိုယ့်ကို ပျို့ချင်အောင် ဆွပေးနေသလိုဖြစ်နေပါလိမ့်မယ်။

•    ထိန်းစရာလက်တန်းနဲ့ မှီစရာနေရာကလည်းမရှိ – နောက်ဆုံးတန်း ၅ ယောက်ထိုင်ရတဲ့အထဲမှာမှ ကိုယ်ကအလယ် ၃ ယောက်မြောက်နေရာသာရလို့ကတော့ ကိုယ့်လောက်ကံဆိုးတဲ့သူမရှိတော့ပါဘူး။ မူးနေတဲ့အချိန် မှီစရာလက်တန်းကလည်းမရှိ၊ ကားခုန်နေ ခါနေတဲ့အချိန် ထိန်းစရာလက်တန်းကလည်းမရှိ၊ လူကလည်းကျပ် ဆိုတော့ ကားမူးပြီးခေါင်းထဲနောက်ကျိနေမှာကျိန်းသေပဲ။

•    ရှုခင်းကြည့်ဖို့ဆိုတာဝေလာဝေး – ကားမူးတတ်တဲ့အချိန်လေးစိတ်အပြောင်းအလဲဖြစ်အောင် ဘေးကပတ်ဝန်းကျင်ကို ကြည့်ပေးရတယ်မလား။ ခက်တာကကိုယ်ကနောက်ဆုံးတန်းမှာဆိုတော့ ပတ်ဝန်းကျင်ကရှုခင်းတွေအစား ကျပ်ညက်နေတဲ့ လူတွေကိုပဲ မြင်ရတော့မှာလေ။ ပြတင်းပေါက်ကလည်းကိုယ့်အနားမှာမရှိဘူးမလား ။ ။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021