ဂျူဗင်တပ်စ်အဓိကတိုက်စစ်မှူး စီရိုနယ်ဒို သည် ကြွက်သားနာနေသောကြောင့် အနားယူ ခဲ့ရသော်လည်း ယခုအခါ စပဲလ်နှင့်ကစားမည့် အိမ်ကွင်းပွဲစဉ်မတိုင်မီ လေ့ကျင့်ခန်းပြန်ဆင်း နိုင်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးစီရိုနယ်ဒိုသည် ဘရက် ရှားအား အနိုင်ရခဲ့သည့်ပွဲမတိုင်ခင် တစ်ပတ် အတွင်း သုံးပွဲဆက်တိုက်ကစားခဲ့ရ၍ ပွဲပန်းခဲ့ ပြီး ဘရက်ရှားပွဲကို လွဲချော်ခဲ့သည်။
စီရိုနယ်ဒို သည် အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်း နိုင်ပြီဖြစ်သောကြောင့် စပဲလ်ပွဲတွင် ပါဝင်ကစား နိုင်တော့မည်ဖြစ်သည်။
ဂျူဗင်တပ်စ်နည်းပြ ဆာရီသည် ဘရက်ရှားပွဲ၌ စီရိုနယ်ဒိုဒဏ်ရာ ရနေသောကြောင့် တိုက်စစ်တွင် ဟီဂူအင်နှင့် ဒိုင်ဘာလာကို အသုံးပြုခဲ့ရသည်။ စီရိုနယ်ဒို သည် မကြာခင်ကပြုလုပ်ခဲ့သော ဖီဖာဆုပေး ပွဲအခမ်းအနားကို မတက်ရောက်ခဲ့၍ ပရိသတ် အချို့၏ဝေဖန်မှုကို ခံခဲ့ရသည်။
ဂျူဗင်တပ်စ်တိုက်စစ်မှူးတစ်ဦးဖြစ် သည့် ဟီဂူအင်က ပေါ်တူဂီသား စီရိုနယ်ဒိုမှာ ပိုမို ရင့်ကျက်လာပြီဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ သည်။ အာဂျင်တီးနားတိုက်စစ်မှူးဟီဂူအင် နှင့် စီရိုနယ်ဒိုတို့သည် ရီးရဲလ်မက်ဒရစ်အသင်း တွင် တွဲဖက်ကစားခဲ့ကြပြီး လာလီဂါဆုဖလား သုံးကြိမ် ပိုင်ဆိုင်ခဲ့ကြသည်။
အာဂျင်တီးနား တိုက်စစ်မှူး ဟီဂူအင်က "ကျွန်တော်နဲ့ စီရို နယ်ဒိုဟာ ရီးရဲလ်အသင်းမှာကတည်းက အတူ တူတွဲကစားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်သိခဲ့တဲ့ စီရိုနယ်ဒိုမဟုတ်ဘဲ အခြား တစ်ယောက်ကိုတွေ့သလို ခံစားနေရတယ်။ မိသားစုအတွက် အချိန်ပေးနေတဲ့ စီရိုနယ်ဒို ဟာ ပိုမိုရင့်ကျက်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်လာပါပြီ။ သူနဲ့အတူ ပြန်လည်ကစားခွင့်ရတဲ့အတွက် ကြောင့် ကျွန်တော်ဂုဏ်ယူမိပါတယ်"ဟု ဖော့ စပို့စ်သို့ ပြောဆိုခဲ့သည်။
ဟီဂူအင်သည် ဂျူဗင်တပ်စ်အသင်းတွင် လာမည့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသည်။ ဟီဂူအင်က ဂျူဗင်တပ်စ်နှင့် စာချုပ်ကုန်ဆုံးသည့်အချိန် ကစားသမားဘဝ ပါဝင်ကစားခဲ့ဖူးသော အာဂျင်တီးနားကလပ် ရေးဗားပလိတ်သို့ ပြန်သွားမည်ကို ငြင်းဆိုခဲ့ ခြင်းမရှိပေ။















