ဆိုးလ်ရှားအတွက် သေသည့်တိုင်တိုက်ပွဲဝင်မည်ဟု ဒီဂီယာ အသိပေး

ဆိုးလ်ရှားအတွက် သေသည့်တိုင်တိုက်ပွဲဝင်မည်ဟု ဒီဂီယာ အသိပေး

မန်ယူအသင်းအဓိကဂိုးသမား ဒီဂီယာက ကစားသမား များအနေဖြင့် ဖိအားများနေသော နည်းပြဆိုးလ်ရှားအတွက် သေသည့်တိုင်အောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အာဆင်နယ်နှင့်ကစားမည့်ပွဲမတိုင်မီ အသိပေးပြောဆိုခဲ့ သည်။

မန်ယူအသင်းသည် ယခုနှစ်ဘောလုံးရာသီအစတွင် ရလဒ်များဆိုးရွားနေပြီး ပရီးမီးယားလိဂ်ခြောက်ပွဲကစား ခဲ့ရာ ရှစ်မှတ်သာရရှိခဲ့သလို ကာရာဘောင်းဖလားပြိုင်ပွဲ၌ လည်း အသင်းငယ် ရော့ချ်ဒေးကို ပင်နယ်တီရောက်မှသာ အနိုင်ရခဲ့သည်။ မန်ယူအသင်းမှာ ဖိအားများနေသည့် အချိန်၌ အာဆင်နယ်နှင့် ရင်ဆိုင်ရမည်ဖြစ်၍ အခက်အခဲ ရှိလာနိုင်သည်။ နည်းပြဆိုးလ်ရှားသည် အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပြီးနောက် ဖိအားများရင်ဆိုင်နေရသည့်အပြင် အဝေးကွင်းရလဒ်များမှာလည်း ဆိုးရွားနေသည်။

ဒီဂီယာက"ဆိုးလ်ရှားဟာ မန်ယူမိသားစုရဲ့အစိတ်အပိုင်းပါ။ သူဟာ မန်ယူအသင်းမှာ ကစားသမားတစ်ယောက် အနေနဲ့ နှစ်ပေါင်းများစွာကစားလာခဲ့ပါတယ်။ အသင်း အကြောင်းကို သူကောင်းကောင်းသိပါတယ်။ အရေးကြီး ဆုံးက တစ်သင်းလုံး သူ့နောက်မှာရှိနေဖို့ပါ။ ကျွန်တော်တို့ သူ့အတွက် သေတဲ့အထိတိုက်ပွဲဝင်မယ်"ဟု ဆိုသည်။

မန်ယူတိုက်စစ်မှူးတစ်ဦးဖြစ်သော မာရှယ်မှာ အာဆင် နယ်နှင့်ကစားမည့်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း မျှော် လင့်ရသည်။ တိုက်စစ်မှူးမာရှယ်သည် ပဲလေ့စ်အားရှုံးနိမ့် ခဲ့သောပွဲတွင် ပေါင်ခြံဒဏ်ရာရရှိခဲသူဖြစ်သည်။

အာဆင်နယ်နည်းပြဟောင်းတစ်ဦးဖြစ်သူ အာစင်ဝင်း ဂါးက မန်ယူကိုကိုင်တွယ်ရန် စိတ်ဝင်စားကြောင်း beIN Sports နှင့်တွေ့ဆုံရာ၌ အရိပ်အမြွက်ဆိုခဲ့သည်။

ဝင်းဂါး က "မန်ချက်စတာယူနိုက်တက်ကို နည်းပြခွင့်ရမှာက နည်းပြတိုင်းအတွက် အိပ်မက်အလုပ်ပါ။ နည်းပြခွင့်ရလာ ရင် အဲဒီလူက အနည်းဆုံးတော့ရဲရင့်ရမယ်။ ယုံကြည်မှု ရှိရမယ်။ မန်ယူဟာ ကစာသမားလေးဦးလောက် လိုနေ တယ်။ အဲဒီလူတွေရလာရင် စိန်ခေါ်နိုင်တဲ့အသင်းဖြစ်လာ မှာပါ။ အခုမန်ယူက လူတွေထင်သလိုမန်ယူမဟုတ်ပါဘူး"ဟု ပြောဆိုထားသည်။



ဖတ်ရှုမှုအများဆုံး