မြို့ကြီးသုံးမြို့အား ဗုံးခွဲမည် ဟူသည့်ကိစ္စ ကေအင်န်ယူနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

မြို့ကြီးသုံးမြို့အား ဗုံးခွဲမည် ဟူသည့်ကိစ္စ ကေအင်န်ယူနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်

နေပြည်တော်၊ မန္တလေးနှင့် ရန်ကုန်မြို့များတွင် ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်ရန် ကေအင်န်ယူအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သမ္မတရုံး၏ညွှန်ကြား ချက်ပေါက်ကြားလာပြီးနောက် ကေအင်န်ယူက ယင်းကဲ့သို့ဖျက်လို ဖျက်ဆီးလုပ်ရပ်မျိုးပြုလုပ်မည်မဟုတ်ကြောင်းနှင့် မည်သို့မျှမသက်ဆိုင် ကြောင်း စက်တင်ဘာ ၂၇ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်ပျက်စီးစေမည့် လုပ်ဆောင်ချက်မျိုးပြုလုပ်ရန် ကေအင်န်ယူတွင် မူဝါဒမရှိကြောင်း၊ ကေအင်န်ယူအနေဖြင့် မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံအဖွဲ့အစည်းမဟုတ်သကဲ့သို့ ဗုံးထောင်ဖောက်ခွဲရန်လည်း မည်သည့်ညွှန် ကြားချက်မှမရှိခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

လူမှုကွန်ရက်

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့ကြီးအချို့တွင် ဗုံးဖောက်ခွဲမှုများပြုလုပ် မည်ဆိုသည့် ကနဦးသတင်းရရှိမှုကို နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးဌာနများထံဖြန့်ဝေ လိုက်သည့်စာသည် လူမှုကွန်ရက်ပေါ်သို့ပေါက်ကြားလာသည့် သမ္မတရုံးညွှန်ကြားစာ အရ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ထဆောင်ယန်းပြည်နယ် မယ်လ(ခ)ဘဲကလော့ ဒုက္ခသည်စခန်းအနီး မြောက်ပိုင်းစစ်ရေးမဟာမိတ်ပြုထားသည့် အေအေ၊ ကေအိုင်အေ အဖွဲ့ဝင်များပါဝင်သည့်လူတစ်စုသည် သြဂုတ် ၃၀ ရက်က အစည်းအဝေးတစ်ခုပြုလုပ် ခဲ့ပြီး ယင်းအစည်းအဝေး၌ နေပြည်တော်ကောင်စီနယ်မြေတွင် ဗုံးဖောက်ခွဲမှုများပြုလုပ်ရန် ရက်သတ်မှတ်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံက အစည်းအဝေးတွင် ပါဝင်ခဲ့သည့် အဖွဲ့များအနက် အစိုးရ၊ တပ်မတော်တို့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသား တပ်ဦးတို့လည်း ပါဝင်သည်။

စီစဉ်ထား

ယင်းအဖွဲ့အစည်းများသည် နေပြည်တော်ကောင်စီနယ်မြေတွင် စက်တင်ဘာ ၂၆ ရက်၊ အောက်တိုဘာ ၁၆ ရက်၊ အောက်တိုဘာ ၂၆ ရက်တို့အနက် တစ်ရက်ရက်၌ဖောက်ခွဲ ရေးလုပ်ငန်းများလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး