အေစီမီလန်တာဝန်ရှိသူများသည် ယခုနှစ်ဘောလုံး ရာသီအစတွင် ရလဒ်များဆိုးရွားနေသောကြောင့် နည်းပြ ဂျီယန်ပါအိုလိုနှင့် လမ်းခွဲရန် စဉ်းစားနေပြီဖြစ်ကြောင်း အီတလီသတင်းများက ဖော်ပြခဲ့သည်။
ဂျီယန်ပါအိုလိုသည် ဆမ်ဒိုးရီးယားအသင်းကို သုံးနှစ်ကြာနည်းပြခဲ့ပြီးနောက် အေစီမီလန်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ နည်းပြ ဂျီယန်ပါအိုလိုလက်ထက် အေစီမီလန်အသင်းမှာ စီးရီးအေ ငါးပွဲကစားပြီးချိန်တွင် သုံးပွဲအထိရှုံးနိမ့်ခဲ့သည်။
ကော် ရယ်ရီဒယ်လိုစပို့စ်သတင်းစာ၏ဖော်ပြချက်အရ အေစီမီ လန်သည် နည်းပြအပြောင်းအလဲပြုလုပ်ရန် လုပ်ဆောင် လာရန်ရှိကြောင်း သိရသည်။ သတင်းများ၏ဖော်ပြချက် အရ အေစီမီလန်သည် ရိုးမားနည်းပြဟောင်း စပယ်လက် တီနှင့် ဝါရင့်နည်းပြတစ်ဦးဖြစ်သူ ရေနီယာရီကို ပစ်မှတ် ထားနေသည်။
အေစီမီလန်သည် စီးရီးအေ ပွဲစဉ်(၆)အဖြစ် အိမ် ကွင်းတွင် ဖီအိုရင်တီးနားအား လက်ခံကစားရမည်ဖြစ် သည်။ အေစီမီလန်အဓိကဂိုးသမား ဒွန်နာရန်မာက ဖိအား များနေသောနည်းပြ ဂျီယန်ပါအိုလို၏နောက်တွင် ကစား သမားများ ထောက်ခံအားပေးနေကြောင်း ပြောဆိုခဲ့သည်။ အေစီမီလန်သည် ဖီအိုရင်တီးနားနှင့်ပွဲမတိုင်ခင် တိုရီနို အား နှစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
အသက် ၂၀ အရွယ် အီတလီဂိုးသမားလည်းဖြစ်သူ ဒွန်နာရန်မာက"ကျွန်တော်တို့အားလုံး နည်းပြဂျီယန်ပါ အိုလိုနဲ့ တစ်သားတည်းရှိနေပါတယ်။ သူက နည်းပြကောင်း တစ်ယောက်ပါ။ တိုရီနိုနဲ့ပွဲမှာဆိုရင် ကျွန်တော်တို့အကောင်း ဆုံးကစားနိုင်ခဲ့ပေမယ့် အနိုင်မရခဲ့လို့ တောင်းပန်ချင်ပါ တယ်။ ကျွန်တော်တို့မရှုံးသင့်ဘူး။ ဖိအိုရင်တီးနားနဲ့ပွဲက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ပွဲဖြစ်နေပါတယ်။ ကျွန် တော်တို့အသင်းဟာ ငယ်ရွယ်ပြီး အောင်မြင်မှုဆာလောင် တဲ့အသင်းဖြစ်ပါတယ်။ အိမ်ကွင်းမှာ ပွဲကောင်းဖန်တီးပြီး ဖီအိုရင်တီးနားကို တိုက်စစ်ဆင်မှာပါ"ဟု ပြောဆိုခဲ့သည်။ အေစီမီလန်၏မြို့ခံပြိုင်ဘက် အင်တာမီလန်မှာမူ ရလဒ် များကောင်းနေသည်။















