ပေါ့ဘာ လစာတိုးတောင်းနေ၊ ဇန်နဝါရီ၌ အီရစ်ဆန်အား မန်ယူကမ်းလှမ်းဖွယ်ရှိ

ပေါ့ဘာ လစာတိုးတောင်းနေ၊ ဇန်နဝါရီ၌ အီရစ်ဆန်အား မန်ယူကမ်းလှမ်းဖွယ်ရှိ

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာသည် မန်ယူ အသင်းမှထွက်ခွာတော့မည်ဟု သတင်းများ ထွက်ပေါ်နေသလို အသင်း၌ဆက်လက်ရှိနေ ရန်အတွက် တစ်ပတ်လုပ်ခလစာ တိုးမြှင့် တောင်းထားကြောင်း အင်္ဂလန်သတင်းများက ဖော်ပြခဲ့သည်။

ကမ္ဘာ့ဖလားချန်ပီယံဆုရရှိခဲ့ ဖူးသောပေါ့ဘာသည် ယခုနှစ်ဘောလုံးရာသီ မစတင်မီ နွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ အသင်းပြောင်းမည်ဟု နာမည်ကြီးခဲ့သူဖြစ် သော်လည်း အပြောင်းအရွှေ့မဖြစ်ခဲ့ပေ။

ပေါ့ဘာအားခေါ်ယူရန် ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့က စိတ်ဝင်စားနေသည်။ ပေါ့ဘာ၏လက်ရှိစာချုပ်မှာ လာမည့် ၂၀၂၁ ခုနှစ်အထိ အကျုံးဝင်နေသည်။

အင်္ဂလန်သတင်းများ၏အဆိုအရ ပေါ့ဘာ သည် မန်ယူအသင်းထံမှ တစ်ပတ်လုပ်ခပေါင် ခြောက်သိန်း အလိုရှိနေကြောင်း သိရသည်။  ပေါ့ဘာတောင်းဆိုခဲ့သော တစ်ပတ်လုပ်ခလစာ မှာ ဂျူဗင်တပ်စ်အသင်း၌ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုရရှိနေသော တစ်ပတ်လုပ်ခလစာ ထက် ပိုများနေသည်။ ပေါ့ဘာအနေဖြင့် လုပ်ခ လစာတိုးမြှင့်လိုချင်ဟု သတင်းများထွက်ပေါ် နေသော်လည်း မန်ယူအသင်းက တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပေ။

မန်ယူအသင်းတာဝန်ရှိသူများသည် လာ မည့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းအတွက်လိုအပ်မည့် ကစားသမားများ ကို ထပ်မံခေါ်ယူရန်ရှိရာ စပါးအသင်းမှ ဒိန်း မတ်ကွင်းလယ်လူ အီရစ်ဆန်အား ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။

အီရစ်ဆန် သည် မန်ယူအသင်း၏ ပစ်မှတ်ကစားသမား ဖြစ်နေခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ ရီးရဲလ်မက်ဒရစ်အသင်းကလည်း အီရစ်ဆန် အားခေါ်ယူရန် စိတ်ဝင်စားနေသည်။ မန်ယူ သည် နွေရာသီအပြောင်းအရွှေ့ဈေးကွက်၌ အီရစ်ဆန်အား ပေါင်သန်း ၇၀ ဖြင့်ခေါ်ယူရန် စဉ်းစားခဲ့ဖူးသည်။

မန်ယူအသင်းသည် ဇန်နဝါရီဈေးကွက်၌ ပေါ့ဘာအား လက်လွတ်ရန်ရှိနေ၍ အီရစ်ဆန် နှင့် အစားထိုးလိုနေသည်။ အီရစ်ဆန်သည် အေဂျက်မှ စပါးသို့ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြ ကစားလျက်ရှိသည်။



ဖတ်ရှုမှုအများဆုံး