မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ယခုနှစ်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ဆွတ် ခူးရရှိရန်အတွက် အမှတ်လုံးဝလျော့၍မရ ကြောင်း အဲဗာတန်အား သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီး ဖွင့်ဟပြောကြားခဲ့သည်။
မန်စီးတီးသည် ပရီးမီးယားလိဂ်ချန်ပီယံဆု ဖလားကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိထား ပြီး ယခုနှစ်ပြိုင်ပွဲတွင် ပြိုင်ဘက်ကောင်းလီဗာ ပူးနှင့် ထပ်မံယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။
လီဗာ ပူးအသင်းသည် ယခုနှစ်ပရီးမီးယားလိဂ်ခုနစ် ပွဲစလုံး အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံး မှ ဦးဆောင်နေသည်။ မန်စီးတီးသည် အဲဗာ တန်နှင့်ပွဲတွင် အကောင်းဆုံးကစားနိုင်ခဲ့ပြီး သုံးဂိုးတစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ မန်စီးတီးသည် ပရီးမီးယားလိဂ်ပွဲစဉ် ၇ အပြီး ဦးဆောင်သူလီဗာပူးအသင်းနှင့် ငါး မှတ်ကွာဟနေသည်။
မန်စီးတီးနည်းပြဂွာဒီယိုလာက "လီဗာပူး အသင်းဟာ နောက်ထပ်နိုင်ပွဲတွေရဦးမယ်ဆို တာ ကျွန်တော်တို့သိပါတယ်။ တကယ်လို့ လီဗာပူးအသင်းက နောက်တစ်ပွဲနိုင်ပြီး ကျွန် တော်တို့က အမှတ်ဆုံးရှုံးခဲ့ရင် ရှစ်မှတ်ကွာသွား လိမ့်မယ်။ ရှစ်မှတ်ဆိုတဲ့ အနေအထားက အရမ်းများတယ်။ လီဗာပူးဟာ ခုနစ်ပွဲဆက် တိုက် အနိုင်ကစားထားပါတယ်။ သူတို့ဟာ ဥရောပချန်ပီယံလည်းဖြစ်တယ်။ အကောင်း ဆုံးလည်းကစားနေပါတယ်။ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကောင်းဖြစ်နေတယ်။ သေချာတာ ကတော့ ကျွန်တော်တို့အမှတ်လျော့လို့မရဘူး။ ဘာလို့လဲဆိုတော့ မနှစ်က နောက်ဆုံးပွဲအထိ ပြိုင်ခဲ့ရတယ်။ ဘောလုံးရာသီက ရှည်ကြာဦး မှာပါ။ ကျွန်တော်တို့သူတို့ကို ဖိအားပေးမှာပါ"ဟု ပြောဆိုခဲ့သည်။
မန်စီးတီးသည် အဲဗာတန်ပွဲတွင် ပထမ ပိုင်းအပြီး တစ်ဂိုးစီသရေကျခဲ့သော်လည်း ဒုတိယပိုင်းတွင် မာရက်ဇ်နှင့် စတာလင်းတို့က ဂိုးများသွင်းပေးခဲ့သည်။ မန်စီးတီးနည်းပြဂွာဒီ ယိုလာက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ ဈေးကွက်တွင် ကစားသမားသစ်ခေါ်ယူမည် မဟုတ်ဘဲ လူငယ်ကစားသမားများကို အခွင့် အရေးပေးရန်ရှိကြောင်းလည်း တစ်ဆက်တည်း ပြောဆိုခဲ့သည်။>















