နည်းပြကွန်တီ၏ လက်အောက်တွင် အကောင်းဆုံးပုံစံဖြင့်ကစားနေသော အင်တာ မီလန်သည် စက်တင်ဘာ ၂၈ ရက်က ဆမ်ဒိုး ရီးယားကွင်းတွင် သွားရောက်ကစားခဲ့ရာ သုံး ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး စီးရီးအေခြောက်ပွဲ ဆက်တိုက် နိုင်ပွဲရယူခဲ့သည်။
အင်တာမီလန် တိုက်စစ်၌ မန်ယူမှအငှားလာကစားသော ဆန်းချက်ဇ်ပါဝင်လာခဲ့ပြီး အဓိကကစားသမား များဖြင့် လူစုံခဲ့သည်။ အင်တာမီလန်သည် ပွဲချိန်မိနစ် ၂၀ တွင် ဦးဆောင်ဂိုးရရှိခဲ့ပြီး ဆန်ဆီက ပင်နယ်တီဂိုးဧရိယာအစပ်မှ အပြင်း ကန်သွင်းပေးခဲ့သည်။
ချီလီတောင်ပံတိုက်စစ် မှူး ဆန်းချက်ဇ်သည် ပွဲချိန် ၂၂ မိနစ်တွင် အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့သည်။ ဆန်းချက်ဇ်သည် အင်တာမီလန်ပွဲဦးထွက်တွင် ဂိုးသွင်းပေးနိုင်ခဲ့သော်လည်း ပွဲချိန် ၄၆ မိနစ်၌နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ဆန်း ချက်ဇ်သည် ၄၃ မိနစ်တွင် ကစားပုံကြမ်းခဲ့၍ အဝါကတ်ပြခံရပြီး ပထမပိုင်းပြီးကာနီးအချိန် ပင်နယ်တီဂိုးဧရိယာအတွင်း ဟန်ဆောင် ဒိုင် ဗင်ထိုးခဲ့၍ ဒုတိယအဝါထိကာ ထွက်ခဲ့ရသည်။
အင်တာမီလန်အသင်းအတွက် တတိယဂိုး ကို ဂက်ဂလီယာဒီနီက ပွဲချိန် ၆၁ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဆမ်ဒိုးရီးယားအသင်း အတွက် တစ်လုံးတည်းသောချေပဂိုးကို ဂျန် ကိုက ၅၅ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ အင်တာမီလန်သည် ရာသီသစ်စီးရီးအေတွင် ရလဒ်များကောင်းနေပြီး ဆမ်ဒိုးရီးယားကို အနိုင်ရခဲ့၍ စံချိန်မှတ်တမ်းတစ်ခုလည်း ပိုင် ဆိုင်ခဲ့သည်။
အင်တာမီလန်သည် ၁၉၆၆ - ၆၇ ဘောလုံး ရာသီနောက်ပိုင်း စီးရီးအေအဖွင့်ခြောက်ပွဲ ဆက်တိုက်အနိုင်ရခဲ့သော မှတ်တမ်းပိုင်ဆိုင် လာခဲ့သည်။ အင်တာမီလန်သည် ၁၉၆၆-၆၇ ဘောလုံးရာသီက နည်းပြဟာရဲရားလက်ထက် စီးရီးအေအဖွင့်ခုနစ်ပွဲဆက်တိုက် အနိုင်ရခဲ့ဖူး သည်။ ထိုစဉ်က အင်တာမီလန်သည် ဖော့ ဂီယာ၊ ဗီဆင်ဇာ၊ စပဲလ်၊ အတ္တလန္တာ၊ လက်ကို၊ ဘရက်ရှားနှင့် တိုရီနိုတို့ကို အနိုင်ရခဲ့သည်။
နည်းပြကွန်တီလက်ထက် အင်တာမီလန် သည် ယခုနှစ်ဘောလုံးရာသီတွင် လက်ချီ၊ အူဒီးနီးစ်၊ ကက်ဂလီယာရီ၊ အေစီမီလန်၊ လာဇီ ယိုနှင့် ဆမ်ဒိုးရီးယားတို့ကို အနိုင်ရခဲ့သည်။ နိုင်ပွဲဆက်နေသော အင်တာမီလန်သည် ချန် ပီယံလိဂ်အုပ်စုဒုတိယပွဲအဖြစ် ဘာစီလိုနာ အသင်းနှင့် ကစားရမည်ဖြစ်သည်။ အင်တာ မီလန်သည် ဘာစီလိုနာကွင်းသို့ သွားရောက် ကစားပြီးနောက် လာမည့်စီးရီးအေပွဲတွင် ဂျူ ဗင်တပ်စ်နှင့်တွေ့ဆုံနေသည်။















