ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး သဘောတူညီချက်များအား တိတိကျကျလိုက်နာရန်လိုအပ်၊ တောင်းဆိုမှု အသစ်များက အလုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ကုလအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြင်းထန်စွာအသိပေးပြောကြား

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး သဘောတူညီချက်များအား တိတိကျကျလိုက်နာရန်လိုအပ်၊ တောင်းဆိုမှု အသစ်များက အလုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ကုလအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ပြင်းထန်စွာအသိပေးပြောကြား

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နေရပ်စွန့်ခွာသူပြန်လည်လက်ခံရေး သဘောတူညီချက် များကို တိတိကျကျလိုက်နာရန်လိုအပ်ပြီး ဟိတ်ကြီးဟန်ကြီးတောင်းဆိုမှုသစ်များ အလုပ်ဖြစ် လိမ့်မည်မဟုတ်ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြင်းထန်စွာအသိပေးပြောကြားခဲ့သည်။

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ၏ ပဉ္စမနေ့ အစည်းအဝေးကို စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်၍ အထွေထွေမူဝါဒရေးရာမိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ၌ ဘင်္ဂလား ဒေ့ရှ်အစိုးရအား ယင်းကဲ့သို့သတိပေးခဲ့ခြင်းဖြစ်သည်။

"ဟိန္ဒူဘာသာဝင် ၄၀ဝ ကျော်အပါအဝင် မြန်မာနိုင်ငံကိုပြန်လိုကြောင်း ယခင်ကတည်းက ဆန္ဒပြုထားပြီးဖြစ်တဲ့သူများကိုလည်း ဆောလျင်စွာပြန်လည်လွှဲပြောင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တောင်းဆိုပါတယ်။ ဟိတ်ဟန်ကြီးကြီးနဲ့ တောင်းဆိုမှုအသစ်တွေ၊ ခြွင်းချက်အသစ် တွေပြုလုပ်နေမှုဟာ အချည်းအနှီးသာ ဖြစ်ပါတယ်။ မြန်မာပြည်သူများဟာ လက်တွေ့ကျပြီး ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ အခြားနိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံရေးကို တန်ဖိုးထားသော်လည်း အချုပ်အခြာအာဏာပိုင်ဆိုင်ပြီး လွတ်လပ်တဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ မျှတမှုနဲ့စဉ်းစားချင့်ချိန်မှုမရှိတဲ့ အကျပ်ကိုင်မှုတွေကိုတော့ လက်ခံပြန်ကြားမှာမဟုတ်ပါဘူး"ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားခဲ့သည်။

ပြန်လည်ထူထောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားတွင်ရှိသော နေရပ်စွန့်ခွာသူများ၏ လက်ရှိအရေးကိစ္စကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းက လက်မှတ် ရေးထိုးခဲ့သည့် နှစ်နိုင်ငံသဘောတူညီချက်အရ ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးရန်တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံ အတွင်း “Safe Zone”” တည်ထောင်ရန် တောင်းဆိုမှုများလည်းရှိပြီး ယင်းတောင်းဆိုမှုများကို မြန်မာအစိုးရအနေဖြင့် ခွင့်ပြုမည်မဟုတ်သည့်အပြင် ဖြစ်နိုင်သည့်တောင်းဆိုမှုလည်းမဟုတ် ကြောင်း၊ အာဆာအဖွဲ့၏ သတ်ဖြတ်မှုများ၊ ခြိမ်းခြောက်ဟန့်တားမှုများကြားမှ လက်ရှိအချိန်တွင် နေရပ်စွန့်ခွာသူ ၃၀ဝ ခန့်သည် ၎င်းတို့၏သဘောဆန္ဒအလျောက် ၎င်းတို့၏အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်ရောက်လာကာလုံခြုံပြီး ဂုဏ်သိက္ခာရှိသည့်ဘဝများကို ပြန်လည် ထူထောင်နေပြီဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး