၆၅နှစ်အရွယ်ပထွေးက မယားပါသမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်

၆၅နှစ်အရွယ်ပထွေးက မယားပါသမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မယားပါသမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်သည့် ၆၅နှစ်အရွယ်ပထွေးကို သက်ဆိုင်ရာက စက်တင်ဘာ ၂၉ ရက်တွင် အမှုဖွင့်အရေးယူထားသည်။

စက်တင်ဘာ ၂၉ ရက်ည ၇ နာရီခွဲခန့်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားရာ၌ မျက်စောင်းထိုးနေအိမ်တွင် မိခင်ဖြစ်သူနှင့်အတူ နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် ၎င်း၏ညီမဖြစ်သူသည် စက်တင်ဘာ ၂၀ ရက်တွင် ခန္ဓာ ကိုယ်အနေအထားမမှန်သဖြင့် သွားရောက်မေးမြန်းခဲ့သည်ဟု ဆိုသည်။

ထိုသို့ မေးမြန်းရာ လွန်ခဲ့သောလေးလခန့်က မိခင်ဖြစ်သူနောက်အိမ်ထောင်ပြုခဲ့ပြီး မိခင်ဖြစ်သူ သန်လျင်မြို့နယ်အတွင်းသို့ ပဲကောက်သွားသည့်နေ့များတွင် အတူနေထိုင်သည့် ပထွေးဖြစ်သူ သိန်းအေးက ညီမဖြစ်သူကို အဓမ္မအကြိမ်ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ ယခု အခါ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက(ပ)၁၅၉၀/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ပထွေးဖြစ်သူကို ဖမ်းဆီးအရေးယူထားသည်။