ခိုးမှုကျူးလွန်ကြောင်း မသင်္ကာသူသုံးဦးကို စစ်ရာမှ ဖုန်း ၁၉ လုံးခိုးမှုပေါ်ပေါက်

ခိုးမှုကျူးလွန်ကြောင်း မသင်္ကာသူသုံးဦးကို စစ်ရာမှ ဖုန်း ၁၉ လုံးခိုးမှုပေါ်ပေါက်

လှိုင်သာယာမြို့နယ်တွင် ခိုးမှုများကျူးလွန်ထားကြောင်းမသင်္ကာသူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးရာမှ လက်ကိုင်ဖုန်း ၁၉ လုံးခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့စက်တင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သည်။

စက်တင်ဘာ၂၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်တွင် လှိုင်သာယာမြို့နယ်အတွင်း ခိုးမှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ နေရဲလင်း (ခ)ရဲကြီး၊ သော်ဇင်မိုး(ခ)ဓါးငမိုး နှင့် ဇော်မင်းဦး (ခ)တက်တူး တို့သုံးဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက တွေ့ရှိစစ်ဆေးခဲ့သည်။

၎င်းတို့သုံးဦးကို စစ်ဆေးချက်အရ ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လှိုင်သာယာမြို့နယ်ရှိနေအိမ်နှင့် အဆောင်များမှ လက်ကိုင်ဖုန်း ၁၉ လုံးကို ခိုးယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။

၄င်းတို့ ခိုးယူခဲ့သည့် လက်ကိုင်ဖုန်း ၁၉ လုံးကို ရောင်းချပေါင်နှံထားသည့် နေရာများမှ သက်ဆိုင်ရာကပြန်လည်သိမ်းဆည်းကာ အမှုဖွင့် အရေးယူထားသည်။