စည်ပင်အမှိုက်ပုံးအတွင်း မွေးကင်းစ ကလေးအလောင်း စွန့်ပစ်ထား
လသာမြို့နယ်အတွင်းရှိ အမှိုက်ပုံးတစ်ခုအတွင်း မွေးကင်းစ ကလေးအလောင်းစွန့်ပစ်မှု စက်တင်ဘာ ၂၉ ရက် ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ နံနက် ၇ နာရီခွဲခန့်တွင် လသာမြို့နယ် ၇ ရပ်ကွက် ရွှေတိဂုံ ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ လူကူးခုံးကျော်တံတားအောက် စည်ပင်အမှိုက်ပုံး အတွင်း မွေးကင်းစကလေးအလောင်းလာရောက်စွန့်ပစ်မှုဖြစ်ပွားကြောင်းသတင်းအရ ဒုရဲအုပ် အောင်မင်းဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါ အမှိုက်ပုံးအတွင်း ချက်ကြိုးပါ မွေးကင်းစ မိန်းကလေးငယ် အလောင်း တွေ့ရပြီး ရန်ကုန်ဆေးရုံ ကြီးသို့ ပို့အပ်ရာ ပီအာရ် ဝ၇၃ ဖြင့်လက်ခံထားကာ အလောင်းစွန့်ပစ်သူကို အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။
လသာမြို့မရဲစခန်းက(ပ)၅၇၈/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့်အရေးယူထားသည်။
















