၈၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်ဆိုးဖြင့် အေစီမီလန်ကြုံ

၈၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစရလဒ်ဆိုးဖြင့် အေစီမီလန်ကြုံ

မီလန်အခြေစိုက် အေစီမီလန်အသင်း သည် စက်တင်ဘာ ၂၉ ရက်က အိမ်ကွင်း တွင် ဖီအိုရင်တီးနားနှင့် ယှဉ်ပြိုင်ခဲ့ရာ ကစား သမားတစ်ယောက်အထုတ်ခံခဲ့ရပြီး သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

အေစီမီလန်သည် အိမ်ကွင်းပွဲမကစားမီ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့သော ကြောင့် ဖိအားများဝင်ခဲ့ပြီး ဖီအိုရင်တီးနား ပွဲ၌လည်း ကစားပုံမကောင်းခဲ့ပေ။ ဖီအိုရင် တီးနားသည် ပွဲချိန် ၁၄ မိနစ်တွင် ပင်နယ်တီ မှ ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပယ်လ်ဂါက ဂိုး သွင်းပေးခဲ့သည်။

ဖီအိုရင်တီးနားအတွက် ဒုတိယဂိုးကို ကတ်စတိုဘီလီက ပွဲချိန် ၆၆ မိနစ်တွင် သွင်းယူခဲ့သည်။ အေစီမီလန်သည် ကစားသမားတစ်ယောက် လျော့ခဲ့ပြီးနောက် ဖီအိုရင်တီးနားနှင့် ယှဉ်နိုင်ခြင်းမရှိခဲ့ပေ။ ဖီအိုရင်တီးနားအတွက် တတိယဂိုးကို ရီဘာ ရီက ပွဲချိန် ၇၈ မိနစ်တွင် သွင်းယူခဲ့သည်။

အေစီမီလန်အတွက် တစ်လုံးတည်းသော ချေပဂိုးကို လီယာအိုက ပွဲချိန်မိနစ် ၈၀ တွင် သွင်းပေးခဲ့သည်။ ရှုံးပွဲကြုံခဲ့သော အေစီမီလန် သည် စီးရီးအေ သုံးပွဲဆက်တိုက် အရှုံးဖြင့် ရင်ဆိုင်ခဲ့ရသည်။ အေစီမီလန်သည် ရာသီ အစ စီးရီးအေ ခြောက်ပွဲကစားပြီးချိန်၌ လေးပွဲ ရှုံးနိမ့်ခဲ့ရာ ၁၉၃၀-၃၁ ဘောလုံးရာသီနောက် ပိုင်း ၈၁ နှစ်အတွင်း အဆိုးရွားဆုံး ရာသီ အစရလဒ်ဆိုးဖြင့် ကြုံတွေ့နေသည်။ အေစီ မီလန်သည် ၁၉၃၈-၃၉ ဘောလုံးရာသီကလည်း ရာသီအစ စီးရီးအေအဖွင့် ခြောက်ပွဲတွင် လေးပွဲ ရှုံးခဲ့ဖူးသည်။

ဖိအားများရင်ဆိုင်နေရသော အေစီမီလန် နည်းပြ ဂျီယန်ပါအိုလိုက "ကျွန်တော့်မှာ အပြည့်အဝတာဝန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ရှေ့ကိုရောက်အောင် သွားမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ အိုင်ဒီယာကို ယုံကြည်မှုအပြည့်ရှိလို့ပါ"ဟု ပွဲအပြီး၌ ပြော ဆိုခဲ့သည်။

အေစီမီလန်သည် နည်းပြရာထူး အပြောင်းအလဲပြုလုပ်ရန် အစီအစဉ်များရှိ နေပြီး အသင်းဂန္ထဝင်တိုက်စစ်မှူးဟောင်း ရှက်ဗ်ချင်ကိုကို စိတ်ဝင်စားနေသည်။ ရှက်ဗ် ချင်ကိုသည် လက်ရှိတွင် ယူကရိန်းအသင်း ကို နည်းပြနေသူဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး