ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဟန့်တားနေသည့် အာဆာအကြမ်းဖက်အဖွဲ့၏ခြိမ်းခြောက်မှုကို နိုင်ငံတကာက လျစ်လျူရှုနေကြောင်း မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက်က ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂဝန်ကြီး အဆင့်အစည်းအဝေးတွင် ရခိုင်ပြည်နယ်အရေး ကိစ္စဖြေရှင်းရာ၌ အာဆီယံနှင့်ပူးပေါင်းဆောင် ရွက်နေမှု အခြေအနေများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအား ရှင်းလင်းပြောကြားစဉ် ထည့် သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂုဏ်သိက္ခာရှိရှိ
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၊ ကုလ သမဂ္ဂ၊ မိတ်ဆွေနိုင်ငံများနှင့်ပူးပေါင်း၍ နေရပ် စွန့်ခွာသူများ ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စသည် နှစ်နိုင်ငံအကြား ရွှေ့ပြောင်း သွားလာမှုကိစ္စရပ်များပါဝင်သည့် ကိစ္စတစ်ရပ် ဖြစ်သဖြင့် နှစ်နိုင်ငံအကြားပူးပေါင်းဆောင် ရွက်မှုဖြင့်သာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်ကို အဓိကအဟန့် အတားဖြစ်စေသည့် အာဆာအကြမ်းဖက် အဖွဲ့၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လျစ်လျူရှုလျက်ရှိကြောင်း၊ မကြာသေးမီက DW TV နိုင်ငံတကာရုပ်သံလိုင်းက ထုတ် လွှင့်ခဲ့သည့် သတင်း၌ ကော့ခ်ဘဇားစခန်း တွင် အာဆာ၏စိုးရိမ်ဖွယ်လှုပ်ရှားမှုများကို ဖော်ပြထားကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေ ဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အပြင် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးကိုခြိမ်း ခြောက်လာနိုင်သည့် အာဆာ၏လှုပ်ရှားမှုများ ကို ခွင့်မပြုရန် လိုအပ်ကြောင်း၊ ကော့ခ်ဘဇား ရှိ စခန်းများ၏နေရပ်စွန့်ခွာသူများက မိမိတို့ နေရပ်ပြန်ရန်ဆန္ဒကို လွတ်လပ်စွာထုတ်ဖော် ပြောကြားနိုင်စေရန် ဘေးကင်းလုံခြုံသည့် အခြေအနေဖန်တီးပေးရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြော ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်တွင် ကော့ခ်ဘဇားစခန်းအတွင်း၌ အာဆာ၏ အကြမ်းဖက်လှုပ်ရှားမှုများအပါ အဝင် အခက်အခဲများစွာရှိကြောင်း၊ နေရပ် ပြန်ပို့ရေးလုပ်ငန်းစဉ် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် စစ်မှန်သည့် နိုင်ငံ ရေးဆန္ဒ၊ ခိုင်မာသည့် ကြိုးပမ်းအားထုတ်မှုနှင့် နှစ်နိုင်ငံသဘောတူညီမှုများကို အပြည့်အဝ လေးစားလိုက်နာမှုတို့ လိုအပ်ကြောင်း ပြော ကြားခဲ့သည်။
















