သင် မနက်စာ မစားဘဲ နေနေပြီလား

သင် မနက်စာ မစားဘဲ နေနေပြီလား

မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်ဆိုတဲ့ စကားလေးသင်ကြားဖူးမှာပါ။ ဒါပေမဲ့ ပိန်ချင်လို့ အစားလျှော့တယ်၊ ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့ သူတွေ အများကြီးပါ။ တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ တစ်ခုတည်းသော အရာပါ။ မနက်စာကို အလွတ်ခံလိုက်ရင် တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အားအင်တွေလည်း ဆုံးရှုံးမယ့်အပြင် မနက်စာ မစားခြင်းက ကျန်းမာရေးအပေါ်မှာ သက်ရောက်တဲ့ မကောင်းတဲ့ တခြားအချက်တွေလည်း ရှိပါသေးတယ်။

မနက်စာကို မစားဘဲနေရင် ဘာတွေ ဖြစ်နိုင်သလဲအစားတွေ ပိုစားဖြစ်တယ်

မနက်စာကို မစားဘဲနေလိုက်တာကြောင့် ကိုယ့်ကိုယ်ခန္ဓာရဲ့ စားသောက်မှု ပုံစံ စည်းချက် မူမမှန်တော့မယ့်အပြင်ဦးနှောက်နဲ့ ကြွက်သားတို့ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ သွေးတွင်းသကြားဓာတ်လည်း နည်းနေမှာဖြစ်ပါတယ်။ ဒိီလိုနဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး လိုအပ်တဲ့ သကြားဓာတ်တွေအတွက်ရော၊ မနက်စာအငတ်ခံထားလို့ သင့်ကိုယ်သင်လည်း သနားပြီး နေ့လယ်စာကို ပိုစားဖြစ်နေပါလိမ့်မယ်။

မနက်စာမစားလို့ သင့်ကိုယ်အလေးချိန် ကျသွားမှာ မဟုတ်ပါဘူးလေ့လာချက်တွေအရ မနက်စာ စားတဲ့သူတွေဟာ မစားတဲ့သူတွေထက်ပိုပိန်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်စားတဲ့ မနက်စာထဲပါတဲ့ ပရိုတိန်နဲ့ အမျှင်ဓာတ်တွေက သင့်ကို တစ်နေ့လုံး ဆာလောင်ခြင်း ကင်းစေမှာဖြစ်ပါတယ်။ ဒါကြောင့်မနက်စာလေး အလွတ်ခံလိုက်ရင် ငါတော့ပိန်သွားမှာပဲဆိုတဲ့ အတွေးဟာ မှားနေပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်

ညဘက် အိပ်တဲ့အချိန်ရယ် မနက်စာ မစားတဲ့အချိန်ရယ် ပေါင်းလိုက်လို့ ၁၂ နာရီကျော် သွားပြီဆိုရင် သင့်ကိုယ်ခန္ဓာအတွင်းက အစာကို တောင့်တနေပါလိမ့်မယ်။ ဒါကိုမနက်စာ အလွတ်ခံလိုက်မယ်ဆိုရင် ကိုယ်တွင်းဖိစီးမှုတွေတက်လာပြီး ဟော်မုန်းတွေလည်း အပြောင်းအလဲဖြစ်လာပါတယ်။ ဒီလိုနဲ့ နှလုံးက ကြွက်သားတွေလည်း အလုပ်ပိုလုပ်ရလို့ မနက်စာ မစားတဲ့သူတွေဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေပိုများပါတယ်။

ရုံးသွား ကျောင်းသွားရမယ်ဆိုပြီး မအားလို့ မနက်စာကို မစားဖြစ်ကြတဲ့ သူတွေ အများကြီးပါ။ တကယ်တော့ မနက်စာဆိုတာ သင်တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ ...

ဆီးချိုဖြစ်ဖို့ အလားအလာ ပိုများပါတယ်

မနက်စာ မစားဘဲနေတာ ကြာလာတော့ ကိုယ်တွင်း သကြားဓာတ်တွေလည်း ကမောက်ကမ ဖြစ်ကုန်တဲ့အပြင် နေ့ခင်းဘက် ကိုယ်အများကြီးစားလိုက်တဲ့အခါ ဝင်လာတဲ့ သကြားဓာတ် အလုံးအရင်းကို အင်ဆူလင်က မထိန်းနိုင်တော့ ဆီးချို အမျိုးအစား ၂ ဖြစ်နိုင်ခြေ အလားအလာ ပိုများသွားပါပြီ။

မှတ်ဉာဏ်စွမ်းရည်လည်း ကျဆင်းလာပါတယ်

အိပ်ပြီးပြန်ထလာတဲ့အချိန်ဆို ပထမဆုံး အလုပ်လုပ်ရတာ ဦးနှောက်ပါပဲ။ သူအလုပ်တွေ အများကြီးလုပ်နိုင်ဖို့အတွက် သွေးတွင်းသကြားတွေ အလုံအလောက်ရှိနေမှ ရမှာပါ။ ဒါကို ကိုယ်က မနက်စာ မစားဘဲနေလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ်တွေ ကမောက်ကမဖြစ်ပြီး ဦးနှောက်အတွက် လိုအပ်တဲ့အာဟာရတွေ မရနိုင်တော့လို့ မနက်စာ မစားတာကြာလာရင် သင့်ဦးနှောက် မှတ်ဉာဏ်ပိုင်းမှာရော၊ အာရုံစူးစိုက်မှု အပိုင်းမှာရော ကျဆင်းလာမှာပါ။အားမရှိသလို ခံစားနေရပြီး ဗိုက်လည်း ခဏခဏ ဆာနေပါလိမ့်မယ်တစ်နေ့တာအတွက် လိုအပ်တဲ့ အားအင်တွေကို အပြည့်အဝပေးနိုင်တာ မနက်စာပါ။ ဒါကို မစားဘဲနေလိုက်တဲ့အခါကျ တစ်နေ့လုံး အားမရှိသလို ခံစားနေရပြီး နုန်းနေပါလိမ့်မယ်။ မနက်စာ မစားထားတော့ ဗိုက်ထဲလည်း ဟာတာတာဖြစ်နေပြီး အချိန်ရှိတိုင်း ဗိုက်ဆာသလိုဖြစ်နေတော့မှာပါ။

စိတ်ဖိစီးမှုကိုလည်း များစေပါတယ်

မနက်စားမစားတဲ့လူတွေမှာ cortisol လို့ ခေါ်တဲ့  စိတ် ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်း တစ်မျိုး ပိုထွက်ပါတယ်။ ဒီလိုနဲ့ မနက်စာ မစားလေလေ cortisol ပိုထွက်လေလေဖြစ်ပြီး စိတ်ဖိစီးမှုလည်း များလေလေပါပဲ။

(ရေးသားသူ − Dr. Thin Yadanar @ Frances၊ ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ − Dr. Thurein Hlaing Win ) Hello ဆရာဝန်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်။



ဖတ်ရှုမှုအများဆုံး

မီးအိမ်ရှင်ဒေါက်တာနိုက်တင်ဂေးလ် 20 Feb 2021
ခင်မောင်ဌေး(ပညာရေး) 20 Feb 2021
မောင်လှမျိုး(ချင်းချောင်းခြံ) 19 Feb 2021