အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် ပထမဆုံးအကြိမ်ကျင်းပမည့် 'အာယု ကျန်းမာရေးပွဲတော်ကြီး'

အာယုအင်တာနေရှင်နယ်ဆေးရုံကြီးတွင် ပထမဆုံးအကြိမ်ကျင်းပမည့် 'အာယု ကျန်းမာရေးပွဲတော်ကြီး'

အာယုကျန်းမာရေး ပွဲတော်ကြီးကို အာယုအင်တာနေရှင်နယ်ဆေးရုံကြီးမှာ ၂ဝ၁၉ ခုနှစ်အောက်တိုဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

အာယုအင်တာနေရှင်နယ်ဆေးရုံကြီးရဲ့ ခေတ်မီကျန်းမာရေးစောင့် ရှောက်မှုများနှင့် နိုင်ငံတကာအဆင့်မီ ကျန်းမာရေးဝန်ဆောင်မှုတွေကို လာရောက်လေ့လာနိုင်ဖို့ နံနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ် ပြသမှာဖြစ်ပြီး မည်သူမဆို လာရောက်လေ့လာနိုင်ပါတယ်။

အာယု ကျန်းမာရေးပွဲတော်ကြီးကို လာရောက်သူတွေအနေနဲ့ ပွဲကျင်းပတဲ့ သုံးရက်အတွင်း အခြေခံကျန်းမာရေးစစ်ဆေးမှုတွေဖြစ်တဲ့ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဘီအမ်အိုင် စစ်ဆေးပေးခြင်း၊ ဆီးချိုစစ်ဆေး ပေးခြင်း၊ယူရစ်အက်ဆစ်စစ်ဆေးပေးခြင်း၊ အရိုးသိပ်သည်းဆတိုင်းတာပေးခြင်း၊ ခန္ဓာကိုယ်အချိုးအစားနှင့် အဆီပမာဏ စစ်ဆေးပေးခြင်းတို့ကို အခမဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒါ့ပြင်ပြပွဲလာရောက်သူတွေအတွက် Medical Check-up ကူပွန်တွေကို မဲနှိုက်ရွေးချယ်ကာ မေတ္ဘာ လက်ဆောင်ပေးအပ်မှာဖြစ်ပါတယ်။

ပြပွဲရက်အတွင်း Medical Check-up Package တွေကို အထူးလျှော့စျေးနှုန်းထားဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

အသက် ၄၁ နှစ်နဲ့၅ဝ နှစ်အတွက် Advanced Package ၊ အသက် ၅ဝ နှစ်နဲ့အထက် အတွက် Comprehensive Package၊ အသက် ၅၅ နှစ်နဲ့အထက်အတွက် Elite Package တွေထဲက ကြိုက်နှစ်သက်ရာ အစီအစဉ်နှစ်ခု ဝယ်ယူပါက အသက် ၃၁ နှစ်မှ အသက် ၄ဝ နှစ်တွေအတွက် Premium Package ကို အထူးလက်ဆောင်ရရှိမှာဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး