ဘရိုက်တန် − တော့တင်ဟမ်
စနေ၊ ညနေ ၆းဝဝ
ဘရိုက်တန်ဟာ ခုနစ်ပွဲကစားအပြီးမှာခြောက်ပွဲဆက်တိုက်နိုင်ပွဲမရပါဘူး။ တိုက်စစ်က ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ပြီးခဲ့တဲ့အပတ်က ချယ်လ်ဆီး၊ အခုတော့တင်ဟမ်တို့နဲ့ ကစားရလို့ ခက်ခဲတဲ့ပွဲတွေ ဆက်နေပါတယ်။တော့တင်ဟမ်ကလည်း ခံစစ်ကတော်တော်အားနည်းနေပါတယ်။ ဂိုးသွင်းမခံရတဲ့ပွဲ မရှိသလောက်ဖြစ်နေပါတယ်။ ဘရိုက်တန်ရဲ့ဖြတ်တင်ဘောတွေက တော့တင်ဟမ်ကို အခက်တွေ့သွားနိုင်ပါတယ်။ နှစ်ဖက်သွင်းဂိုး များမယ့်ပွဲ ဖြစ်ပါတယ်။
လီဗာပူး − လက်စတာ
စနေ၊ ည ၈း၃ဝ
ခုနစ်ပွဲဆက်တိုက် အနိုင်ကစားထားတဲ့လီဗာပူးနဲ့ လက်ရှိခြေတက်နေတဲ့ လက်စတာတို့တွေ့နေပါတယ်။ လက်စတာဟာ ချယ်လ်ဆီးကိုသရေ၊ စပါးကိုအနိုင်၊ မန်ယူကို ၁−ဝ နဲ့ရှုံးဆိုတဲ့ရလဒ်တွေနဲ့ အသင်းကြီးတွေကို ကစားထားပါတယ်။ လက်ရှိ ဂိုးသွင်းအားကလည်းတော်တော်ကောင်းနေလို့ လီဗာပူး အခက်တွေ့လာနိုင်ပါတယ်။ မနှစ်ကလည်း လီဗာပူးဟာ လက်စတာဒုက္ခပေးတာ ခံခဲ့ရပါတယ်။ အခုပွဲဟာ အကြိတ်အနယ် ရှိလာနိုင်ပြီး လီဗာပူး နိုင်ခဲ့မယ်ဆိုရင် ဂိုးမပြတ်နိုင်တဲ့ပွဲဖြစ်ပါတယ်။
ဘန်လေ − အဲဗာတန်
စနေ၊ ည ၈း၃ဝ
ဘန်လေက ခြေမှန်နေပါတယ်။ အိမ်ကွင်းကစားအားလည်း တော်တော်ကောင်းနေပါ တယ်။ အိမ်ကွင်းမှာ လီဗာပူးကိုပဲ ရှုံးထားပါတယ်။ အဲဗာတန်က သုံးပွဲဆက်တိုက် ရှုံးထားပါတယ်။ ခံစစ်တော်တော်ဆိုးရွားနေပါတယ်။ ဘန်လေ တိုက်စစ်က အက်ရှ်လေဘန်း၊ ခရစ္စဝုဒ်တို့ အဲဗာတန်နောက်တန်းကို ဒုက္ခပေးနိုင်ပါတယ်။ အဲဗာတန်အဝေးကွင်းမှာ နိုင်ပွဲမရသေးပါဘူး၊ အခုလည်း ဘန်လေကို ရှုံးနိမ့်ပါလိမ့်ဦးမယ်။
နော်ဝစ်ချ် − ဗီလာ
စနေ၊ ည ၈း၃ဝ
တန်းတက်နှစ်သင်း တွေ့နေတဲ့ပွဲ ဖြစ်ပါတယ်။ နောဝစ်ချ်ဟာ အဝေးကွင်းကစားပုံညံ့ပေမဲ့ အိမ်ကွင်းကစားအား ကောင်းတဲ့အသင်းဖြစ်ပါတယ်။ ဗီလာကလည်း ပြင်ဆင်အားကောင်းပြီး တိုက်စစ်ကောင်းပေမဲ့ ခံစစ်က တော်တော်အားနည်းတာတွေ့ရပါတယ်။ တိုက်စစ်ဦးစားပေးတဲ့နှစ်သင်းဖြစ်လို့ အပြန်အလှန်ထိုးဖောက်ပြီး နှစ်ဖက်သွင်းဂိုးတွေများမယ့်ပွဲ ဖြစ်ပါတယ်။
ဝက်ဖို့ဒ် − ရှက်ဖီးလ်
စနေ၊ ည ၈း၃ဝ
ဝက်ဖို့ဒ်အတွက် ဒီပွဲက အလွန်အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်ရုန်းနိုင်မှ ယုံကြည့်မှုပြည့်ဝလာမှာဖြစ်ပါတယ်။ ခုနစ်ပွဲကစားအပြီးမှာ ဝက်ဖို့ဒ်ဟာ နိုင်ပွဲမရသေး ပါဘူး။ အခုအိမ်ကွင်းဖြစ်လို့ ဝက်ဖို့ဒ်ရုန်းလာပါလိမ့်မယ်။ ရှက်ဖီးလ်ယူနို်က်တက်က အသင်းလိုက်ကစားပုံကောင်းတဲ့အသင်း ဖြစ်ပါတယ်။အခုပွဲမှာ ရှက်ဖီးလ်ဟာ တန်ပြန်ထိုးဖောက်မှုတွေနဲ့ ကစားလာနိုင်ပါတယ်။ ဝက်ဖို့ဒ်ရဲ့ အတွေ့အကြုံရင့်ကျက်မှုအားက အခုပွဲမှာ နိုင်ပွဲစတင်တွေ့လာပါလိမ့်မယ်။
ဝက်စ်ဟမ်း − ပဲလေ့စ်
စနေ၊ ည ၁၁းဝဝ
နှစ်သင်းလုံး လက်ရှိမှာ ခြေစွမ်းကောင်း နေပါတယ်။ နှစ်သင်းလုံး တိုက်စစ်ရော ခံစစ်ပါဟန်ချက်ညီနေပါတယ်။ ပဲလေ့စ်ဟာ ဒီပွဲမှာခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်ဖို့ ပြင်ဆင်လာနိုင်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းဟာ ဖိအားပေးထားပေမဲ့ ဂိုးရဖို့ ခက်ခဲနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ အိမ်ကွင်းကစားအားကောင်းတဲ့ ဝက်စ်ဟမ်း ဟာ ပဲလေ့စ်ရဲ့ သရေကစားတာကို ကြုံတွေ့သွားနိုင်ပါတယ်။ ဒီပွဲဟာ သရေပါ။
အာဆင်နယ် − ဘုန်းမောက်
တနင်္ဂနွေ၊ ည ၇း၃ဝ
တိုက်စစ်ဦးစားပေးတဲ့နှစ်သင်း ထိပ်တိုက်တွေ့နေတာဖြစ်ပါတယ်။ အာဆင်နယ်ဟာတိုက်စစ်ကောင်းပေမယ့် ခံစစ်ညံ့တဲ့အသင်းဖြစ်ပါတယ်။ ဘုန်းမောက်ဟာ တိုက်စစ်ကောင်းတဲ့အသင်းဖြစ်လို့ အာဆင်နယ်ကို ဂိုးသွင်းနိုင်ပါတယ်။ ခံစစ်ပိုင်းကလည်း အာဆင်နယ်လို အားနည်းပါတယ်။ ဘုန်းမောက်ဟာ အာဆင်နယ်လောက် မထင်ရှားပေမဲ့ လျှော့တွက်လို့မရပါဘူး။ ကော်လန်ဝီလ်ဆင်၊ ဂျိုရှူအာတို့ ဂိုးသွင်းနိုင်လို့ ဒီပွဲက ဂိုးများမယ့်ပွဲဖြစ်ပါတယ်။
ဆောက်သမ်တန် − ချယ်လ်ဆီး
တနင်္ဂနွေ၊ ည ၇း၃ဝ
ဆောက်သမ်တန်ဟာ အိမ်ကွင်းမှာ နိုင်ပွဲမရသေးပါဘူး။ လီဗာပူးကိုရှုံး၊ မန်ယူကိုသရေ၊ ဘုန်းမောက်ကိုရှုံး ကစားထားပါတယ်။ချယ်လ်ဆီးဟာ တဖြည်းဖြည်းနဲ့ ကစားပုံ တည်ငြိမ်လာပါတယ်။ လူလည်းစုံနေပါတယ်။ လမ်းပတ်က ယုံကြည်မှု ရလာနေပါတယ်။ ဆောက်သမ်တန်ဟာ အိမ်ကွင်းဖြစ်လို့တိုက်စစ်ဦးစားပေးနိုင်တာကြောင့် ချယ်လ်ဆီးကစားရ လွယ်ကူနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ ချယ်လ်ဆီးကို ကြိုက်ပါတယ်။
မန်စီးတီး − ဝုဗ်
တနင်္ဂနွေ၊ ည ၇း၃ဝ
မန်စီးတီးက လီဗာပူးကို အမီလိုက်ဖို့ ကြိုးပမ်းနေပါတယ်။ အခုပွဲဟာ မန်စီးတီးအသာစီးနဲ့ကစားမယ့်ပွဲဖြစ်ပါတယ်။ ဝုဗ်ဟာယူရိုပါလိဂ်ကစားထားလို့ ပွဲပန်းနေပါတယ်။အသင်းဟာ မနှစ်ကထက် တောင့်တင်းနေပေမဲ့ ဝုဗ်ဟာ ပရီမီယာလိဂ်မှာ ရုန်းကန်နေရပါတယ်။ အခုလည်း မန်စီးတီးဖိအားပေးတာ ခံရမယ့်ပွဲဖြစ်ပါတယ်။ ဝက်ဖို့ဒ်ကို ရှစ်ဂိုးသွင်းသလို၊ ဘရိုက်တန်ကို လေးဂိုးသွင်းသလိုမျိုးတော့ ဖြစ်မလာနိုင်ပါဘူး၊ မန်စီးတီးအနိုင်က သုံးဂိုးထက် မပိုပါဘူး။
နယူးကာဆယ် − မန်ယူ
တနင်္ဂနွေ၊ ည ၁ဝးဝဝ
နယူးကာဆယ်ကတော့ တန်းဆင်းဇုန်ထဲရောက်နေပြီဖြစ်ပါတယ်။ လေးပွဲဆက်တိုက်လည်း နိုင်ပွဲပျောက်နေပါတယ်။ မန်ယူကျပြန်တော့လည်း ခုနစ်ပွဲမှာ နှစ်ပွဲသာနိုင်ထားပါတယ်။ အဝေးကွင်းမှာ အခုထိနိုင်ပွဲမရသေးတဲ့ အသင်းကြီး ဖြစ်ပါတယ်။ ဂိုးတစ်ဂိုးရဖို့ ကြိုးစားနေရတဲ့အသင်း ဖြစ်ပါတယ်။ အခု နယူးကာဆယ်နဲ့ဖြစ်လို့ မန်ယူသာသယောင်ရှိ ပေမဲ့ မန်ယူ ခက်ခက်ခဲခဲ ကစားရမယ့်ပွဲဖြစ်ပါတယ်။ ဂိုးအနည်းကို ရွေးချယ်ရမယ့်ပွဲဖြစ်ပါတယ်။















