မြန်မာ့ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းမှုကြောင့် ရပ်တန့်ထားသည့် နိင်ငံခြားသင်္ဘောတစ်စင်းတွေ့ရှိ

မြန်မာ့ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းမှုကြောင့် ရပ်တန့်ထားသည့် နိင်ငံခြားသင်္ဘောတစ်စင်းတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း မြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ပစိဖိတ် သမုဒ္ဒရာအနောက်ဘက်ခြမ်းရှိ ပလောနိုင်ငံပိုင် သင်္ဘောတစ်စင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက အောက်တိုဘာ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁ ရက် ည ၉ နာရီခန့်တွင် ဟိုင်းကြီးကျွန်းတောင်ပေါ်မှ ရေဒါကြည့်တာဝန်ထမ်းဆောင်နေစဉ် သမီးလှ ကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၂၆ မိုင် ခန့်အကွာ၌ သံသယဖြစ်ဖွယ်ပုံရိပ်တစ်ခု တွေ့ရှိသဖြင့် စိစစ်ခဲ့ရာ ရပ်တန့်ထားသော ရေယာဉ်တစ်စင်းဖြစ်ကြောင်း ဖော်ထုတ်နိုင် ခဲ့ခြင်းဖြစ်သည်။

သွားရောက်စစ်ဆေ

ရေယာဉ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ က အောက်တိုဘာ ၂ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရေယာဉ်မှာ Palau နိုင်ငံမှတ်ပုံတင်ထားပြီး ရေယာဉ်မှူး အပါအဝင် ရေယာဉ်အမှုထမ်း ဗီယက်နမ် နိုင်ငံသား ၁၈ ဦးလိုက်ပါလာသော HERALD အမည်ရှိ ကုန်တင်ရေယာဉ်ဖြစ်ကြောင်း သိရ သည်။

အဆိုပါရေယာဉ်သည် စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ Yangzhou ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းသို့ ကုန်များတင်ဆောင်ရန်အတွက် မောင်းနှင် ခဲ့စဉ် စက်မကြီး Piston အဖုံးကွဲအက်သဖြင့် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ကူညီဆောင်ရွက်ပေး

အဆိုပါရေယာဉ်အား တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြည့်ခြင်းနှင့် လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ရေယာဉ်အနေဖြင့် မြန်မာ့ရေပိုင် နက်အတွင်း ကျောက်ချရပ်နားခွင့်နှင့် စက်ပြင် ဆင်ပြီးစီးမှုအခြေအနေတို့အား သက်ဆိုင်ရာ ကုမ္ပဏီမှတစ်ဆင့် မြန်မာ့ရေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနသို့ တရားဝင်အကြောင်း ကြားစာပေးပို့နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး