ကျောက်တော်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်နေရာ၌ ဆိုင်ကယ်မောင်းပြေးသူအား ပစ်ခတ်ဖမ်းဆီး

ကျောက်တော်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်နေရာ၌ ဆိုင်ကယ်မောင်းပြေးသူအား ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့်နေရာ တွင် အောက်တိုဘာ ၂ ရက် နံနက် ၄ နာရီခွဲ က ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသူကို လုံခြုံ ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ဖမ်းဆီးခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက အောက်တိုဘာ ၃ ရက်တွင် သတင်း ထုတ်ပြန်သည်။

အသေဖမ်းဆီး

ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းသည် အောက်တိုဘာ ၂ ရက် နံနက်အစောပိုင်းက ကာဒီကျေးရွာဘက်မှ ကားလမ်းအတိုင်း မောင်းနှင်လာသော မသင်္ကာဖွယ် ဆိုင်ကယ် တစ်စီးကို ရပ်တန့်ရန် သတိပေးပြောဆိုခဲ့သော် လည်း ရပ်တန့်ခြင်းမရှိဘဲ ကျောက်တော်မြို့ ဘက်သို့ မောင်းနှင်ထွက်ပြေးသွားသော ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လက် နက်ငယ်ဖြင့် ဟန့်တားပစ်ခတ်ခဲ့ရာ ၎င်းအား ဆိုင်ကယ်နှင့်အတူ အသေဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ဒီတိုနေတာ

အသေဖမ်းဆီးရမိသူအား စစ်ဆေးရာ ၎င်းသည် အပေါက်ဝကျေးရွာ ပေါ်တော်မူ ရပ်ကွက်နေ ဦးလူချေဖြစ်ကြောင်းသိရပြီး ၎င်း၏ဆိုင်ကယ်တူးဘောက်အတွင်းမှ မိုင်း ထောင်ရာတွင်အသုံးပြုသည့် ဒီတိုနေတာ တစ်ချောင်း၊ Panasonic အမျိုးအစားအနီ ရောင်ဓာတ်ခဲ ၁၂ လုံးတို့ သိမ်းဆည်းရမိခဲ့ သည်။

ယင်းဒေသသည် သြဂုတ် ၂ ရက်နေ့စွဲဖြင့် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄၊ အမိန့် အမှတ်စဉ်(၃/၂၀၁၉) ထုတ်ပြန်ထားသည့် နယ်မြေတစ်ခုဖြစ်သည်။

အရပ်ဝတ်များ

အေအေအဖွဲ့ဝင်များသည် အရပ်ဝတ်များ ဝတ်ဆင်၍ တပ်မတော်စစ်ကြောင်းများအား မိုင်းဆွဲခြင်း၊ တပ်စခန်းများအား ဝင်ရောက် တိုက်ခိုက်ခြင်း၊  အရပ်သားများအသွင်ဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။