တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ပဏာမအပစ်ရပ်စဲရေး နီးစပ်မှုမရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ ့ သုံးသပ်

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ ပဏာမအပစ်ရပ်စဲရေး နီးစပ်မှုမရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ ့ သုံးသပ်

တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်လေးဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့၊ တအာင်းအဖွဲ့၊ ကိုးကန့်အဖွဲ့၊ ရခိုင်အဖွဲ့တို့အကြား ပဏာမအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ထိုးရန်နီးစပ်မှုမရှိသေးကြောင်း ကြားဝင်စေ့စပ်ပေးသူ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG) မှ ဦးဆမ်အောင်က အောက်တိုဘာ ၄ ရက်က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

နီးစပ်မှုမရှိသေး

"ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် နှစ်ဖက် စလုံးက ယုံကြည်မှုမရှိပါဘူး။ ယုံကြည်မှုမရှိ လို့လည်း တိုက်ပွဲတွေဖြစ်တယ်။ အစိုးရက လည်း ယုံကြည်မှုမတည်ဆောက်နိုင်သေးပါဘူး။ လက်ရှိမှာ နှစ်ဖက်အပစ်ရပ်စဲရေးထိုးဖို့ နီးစပ်မှုမရှိသေးပါဘူး"ဟု ၎င်းက သုံးသပ် ပြောဆိုသည်။

အယုံအကြည်မရှိ

လွန်ခဲ့သည့် စက်တင်ဘာ ၁၇ ရက်က ကျိုင်းတုံမြို့၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးတွင် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များက တစ်ဖက်သတ်အပစ်အခတ်ရပ်စဲ ရေးကို ယခုနှစ်ကုန်အထိ သက်တမ်းတိုးခဲ့သော် လည်း တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲ ရေးသက်တမ်းကို ထပ်မံတိုးမြှင့်ခြင်းမရှိတော့ပေ။

ကျိုင်းတုံဆွေးနွေးပွဲရလဒ်အပေါ် ကျေနပ် အားရခြင်းမရှိသည့်အပြင် မြောက်ပိုင်းအဖွဲ့ များ၏ စစ်ရပ်စဲရေးကြေညာချက်အပေါ် အယုံ အ ကြည်မရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

အောက်တိုဘာနောက်ဆုံးပတ်

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းလက် နက်ကိုင်အဖွဲ့များအကြား ပဏာမအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲကို အောက်တိုဘာလအတွင်း ထပ်မံပြုလုပ်ရန် သဘောတူညီခဲ့သော်လည်း အစိုးရကိုယ်စားလှယ်အဖွဲ့ ပြည်ပခရီးစဉ်များ သွားရောက်နေခြင်း၊ အောက်တိုဘာ ၁၅ရက် တွင် အင်န်စီအေစာချုပ်ချုပ်ဆိုခြင်း လေးနှစ် ပြည့် အခမ်းအနားရှိနေခြင်းတို့ကြောင့် အောက် တိုဘာလနောက်ဆုံးပတ်မှသာ ဆွေးနွေးနိုင် ဖွယ်ရှိကြောင်း သိရသည်။

အလိုမကျ

နှစ်ဖက်အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် (Bilateral Agreement) အတွက် တပ်မတော်ဘက်က စည်းကမ်းသက်မှတ်ချက် များအဆိုပြုထားပြီး ယင်းစည်းကမ်းသတ်မှတ် ချက်များအပေါ် မြောက်ပိုင်းလက်နက်ကိုင် များက အလိုမကျဘဲရှိနေသည်။

ယင်းစည်းကမ်းသတ်မှတ်ချက်များကို ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး ကွာဟချက်ကြီး မားနေ၍ စိတ်ရှည်ရန်လိုအပ်ကြောင်း ဦးဆမ် အောင်က ဆက်လက်ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး