တရားမဝင်ရွှေတူးဖော်သူ ခြောက်ဦးကို ဖမ်းဆီး

တရားမဝင်ရွှေတူးဖော်သူ ခြောက်ဦးကို ဖမ်းဆီး

အင်းတော်မြို့နယ်တွင် တရားမဝင်ရွှေတူးဖော်နေသူ ခြောက်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း အင်းတော်မြို့မရဲစခန်းမှ သိရသည်။
 

အောက်တိုဘာ ၅ ရက် ညနေ ၄ နာရီခွဲတွင် ကသာခရိုင်၊ အင်းတော်မြို့နယ် နားမကြိုင်ကျေးရွာ၏အရှေ့ဘက် ၃ မိုင်ခန့်အကွာ၌ တရားမဝင်ရွှေတူးဖော်နေကြောင်း သတင်းအရ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့သည်။

အဆိုပါနေရာတွင် တရားမဝင်ရွှေတူးဖော်နေမှုကို ဖမ်းဆီးရာ ဝင်းဦး(၄၆)နှစ်ပါ အမျိုးသားခြောက်ဦး တို့အား ကျောက်ရွှေဗြုန်းအိတ် ခြောက်အိတ်၊ Chang Shua စာတမ်းပါ ၂၂ ကောင် အင်ဂျင် တစ်လုံး၊ ဗြုန်းကြိတ်စက်တစ်လုံး၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် သံတူရွင်းတစ်ချောင်း၊ ဆက်စပ် ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

အင်းတော်မြို့မရဲစခန်းက (ပ)၁၄၆/၁၉၊ သတ္တုတွင်းဥပဒေပုဒ်မ၃၀(က) အရ အမှုဖွင့်အရေးယူထားသည်။